ဂျပန်တွင် စက်ရုပ်အသုံးပြု ရောင်းချမည့် ကော်ဖီဆိုင် မိတ်ဆက်ပြသ

January 31, 2018

ဂျပန်တွင် စက်ရုပ်အသုံးပြု ရောင်းချမည့် ကော်ဖီဆိုင် မိတ်ဆက်ပြသ

ဂျပန်နိုင်ငံမှာ ကော်ဖီဖျော်ပေးတဲ့လူအစား စက်ရုပ်အသုံးပြုတဲ့ ကော်ဖီဆိုင်တဆိုင်ကို ဇန်နဝါရီ ၃၀ ရက်နေ့က မီဒီယာတွေကို မိတ်ဆက်ပြသလိုက်ပါတယ်။ ကော်ဖီဆိုင်အဆန်းလို့ အဓိပ္ပာယ်ရပြီး ဟန်နာကဖေးလို့ခေါ်တဲ့ ဒီကော်ဖီဆိုင်မှာ ကော်ဖီမှာမယ့်သူတွေဟာ ယန်းငွေ ၃၂၀ တန် ကူပွန်ကို ဈေးရောင်းစက်မှာထုတ်ပြီး  ကူပွန်မှာပါတဲ့ QR ကုတ်ကို စကန်ဖတ်ကာ ကော်ဖီမှာယူနိုင်မှာ ဖြစ်ပါတယ်။ “ဆော်ယာလို့ခေါ်တဲ့ ဒီကော်ဖီဖျော်စက်ရုပ်က စက်ကိုသုံးပြီး တကြိမ်မှာ အနည်းဆုံး ကော်ဖီ ၅ ခွက် ဖျော်နိုင်တယ်” လို့ ကော်ဖီဆိုင်ကို လည်ပတ်တဲ့ H.I.S ကုမ္ပဏီရဲ့ စီမံကိန်းဌာန အထွေထွေမန်နေဂျာက ပြောပါတယ်။ လူအင်အားနည်းနည်းသုံးပြီး ထုတ်လုပ်နိုင်မှုနှုန်းနဲ့ ဈေးတန်ပြီး အရသာရှိတဲ့ကော်ဖီ ရောင်းနိုင်အောင် စီမံလိုက်တာလို့လည်း သူက ပြောပါတယ်။ ပုံမှန်ဆိုရင် ကော်ဖီဆိုင်တဆိုင်မှာ ကော်ဖီဖျော်စက်ကိုင်ဖို့နဲ့ ဝန်ဆောင်မှုပေးဖို့ ဝန်ထမ်း ၅ ယောက်လောက်အထိ သုံးရပါတယ်။ စက်ရုပ်တခုတည်းနဲ့ လည်ပတ်မယ့် ဒီကော်ဖီဆိုင်ရဲ့ ဝန်ဆောင်မှုကို ဖေဖော်ဝါရီ ၁ ရက်နေ့ စတင်မှာဖြစ်ပါတယ်။
4 years Ago
Up