ဂျပန်တွင် ငလျင်သတိပေး၊ ငလျင်လှုပ်အပြီး အပျက်အစီးဖြစ်နိုင်ချေ ဖန်တီးထားသည့်ရုပ်သံ ဖြန့်ချိ

A d v e r t i s e m e n t With Us

September 30, 2016

ဂျပန်တွင် ငလျင်သတိပေး၊ ငလျင်လှုပ်အပြီး အပျက်အစီးဖြစ်နိုင်ချေ ဖန်တီးထားသည့်ရုပ်သံ ဖြန့်ချိ

ဂျပန်နိုင်ငံအတွင်း ငလျင်အကြီးစားတွေ ဘယ်အချိန်မဆို လှုပ်ခတ်နိုင်တယ်လို့ သိပ္ပံပညာရှင်တွေက ဟောကိန်းထုတ်လိုက်ပါတယ်။ ငလျင်ကြီးတွေ လှုပ်ခတ်အပြီး မြို့တော်တိုကျို ဂျပန်နိုင်ငံအလယ်ပိုင်းမှာ ပျက်စီးမယ်လို့ ခန့်မှန်းထားတဲ့ အခြေအနေကို သရုပ်တူအောင် ဖန်တီးထားတဲ့ ကွန်ပျူတာဂရပ်ဖစ် ရုပ်သံတွေကိုလည်း ဂျပန်အစိုးရ ကပ်ဘေးစီမံခန့်ခွဲရေးအဖွဲ့က ဖြန့်ချိလိုက်ပါတယ်။ နိုင်ငံသားတွေကိုလည်း အဆိုးဆုံးအတွက် ကြိုတင်ပြင်ဆင်ထားဖို့ ပန်ကြားလိုက်ပါတယ်။ ဂျပန်မြို့တော် တိုကျိုမှာ ပြင်းအား ရစ်ခ်ျတာစကေး ၇ ဒသမ ၃ ရှိတဲ့ ငလျင်လှုပ်ခဲ့ရင် ကျန်ခဲ့မယ့်အခြေအနေကို ကွန်ပျူတာဂရပ်ဖစ်နဲ့ သဏ္ဌာန်တူအောင် ဖန်တီးထားတဲ့ ရုပ်သံကို ဂျပန်အစိုးရ အင်တာနက်စာမျက်နှာမှာ ပြသထားပါတယ်။ ၁၃ မိနစ်ကြာတဲ့ ဒီရုပ်သံထဲမှာ တိုကျိုမြို့ နေရာအသီးသီးကို ချယ်မှုန်းထားပါတယ်။ ငလျင်လှုပ်ခဲ့ရင် ငလျင်နဲ့ မီးလောင်မှုတွေကြောင့် ခန့်မှန်းခြေ လူ ၂ သောင်း ၃ ထောင် သေဆုံးမယ်လို့ မျှော်လင့်ထားပါတယ်။ အဆောက်အဦနဲ့ အိမ်ခြေ ၆ သိန်း ၁ သောင်းကျော်လည်း ပျက်စီးမယ်လို့ ခန့်မှန်းထားပါတယ်။ ငလျင်လှုပ်ပြီးပြီးချင်း မြို့ခံ ၁၃ သန်းရဲ့ တဝက်လောက် ရေမရှိဘဲ ဖြစ်မယ်၊ လက်ကိုင်ဖုန်း ကွန်ရက်တွေ ၉၀ ရာခိုင်နှုန်း ပျက်စီးမယ်၊ အခြေခံအဆောက်အဦတွေကို ပြန်တပ်ဆင်ဖို့ သီတင်းပတ်နဲ့ချီပြီး အချိန်ယူရမယ်၊ လူ ၇ ဒသမ ၂ သန်းဟာ ရေနဲ့ စားနပ်ရိက္ခာ မလုံလောက်တဲ့ ဘေးကင်းရေး ဌာနတွေမှာ ခိုလှုံရလိမ့်မယ်လို့ ခန့်မှန်း တွက်ချက်ထားပါတယ်။ ငလျင်ကြောင့် စီးပွားရေး ထိခိုက်ပျက်စီးမှုတန်ဖိုး အမေရိကန်ဒေါ်လာ ဘီလီယံ ၉၅၀ ရှိမယ်လို့ ဆိုပါတယ်။ ဒေသတွင်းမှာ အင်အား ရစ်ခ်ျတာစကေး ၉ ထိရှိတဲ့ ငလျင်ဟာ လာမယ့် နှစ် ၃၀ အတွင်း လှုပ်ခတ်နိုင်ခြေ ၇၀ ရာခိုင်နှုန်းရှိတယ်လို့ အစီရင်ခံစာက ခန့်မှန်းထားပါတယ်။ ၂၀၁၁ ခုနှစ်က ဂျပန်နိုင်ငံ အရှ့မြောက် ကမ်းရိုးတန်းမှာ ပြင်းအား ရစ်ချတ်တာစကေး ၉ ထိ ရှိတဲ့ ငလျင်ကြောင့် ကြီးမားတဲ့ ဆူနာမီရေလှိုင်းတွေ ရိုက်ခတ်ခဲ့ပါတယ်။ ဒါကြောင့် လူအယောက် ၁၆၀၀၀ နီးပါး သေဆုံးခဲ့ပြီး ဖူကုရှီးမား နျူကလီးယားကပ်ဘေး သင့်ခဲ့ပါတယ်။
4 years Ago
Up