ဂျပန်တွင်ထားရှိမည့် ဒုံးကျည်ကာကွယ်ရေးစနစ် တိုက်ခိုက်ရေးအတွက် အသုံးပြုနိုင်ဟု ရုရှားပြော

January 16, 2018

ဂျပန်တွင်ထားရှိမည့် ဒုံးကျည်ကာကွယ်ရေးစနစ် တိုက်ခိုက်ရေးအတွက် အသုံးပြုနိုင်ဟု ရုရှားပြော

ဂျပန်နိုင်ငံမှာထားရှိမယ့် အမေရိကန်လုပ်  ဒုံးကျည်ကာကွယ်ရေးစနစ်ဟာ တိုက်ခိုက်ရေးအတွက် အသုံးပြုနိုင်တယ်လို့ ဇန်နဝါရီ ၁၅ ရက်နေ့မှာ ရုရှားက ပြောကြားလိုက်ပါတယ်။ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလာရော့ဗ်က အဲဒီ ဒုံးကျည်ကာကွယ်ရေးစနစ်ဟာ နှစ်မျိုး အသုံးပြုနိုင်လို့ ထိုးစစ်အတွက် အသုံးပြုနိုင်တယ်ဆိုပြီး ပြောကြားလိုက်ပါတယ်။ ဂျပန်နိုင်ငံဟာ မြောက်ကိုရီးယားရဲ့ ဒုံးကျည်ခြိမ်းခြောက်မှုတွေကို တုံ့ပြန်ဖို့ ပြီးခဲ့တဲ့လက အမေရိကန်လုပ် အေးဂျိစ် ဒုံးကျည်ကာကွယ်ရေးစနစ်ကို ဖြန့်ကြက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အဲဒီစနစ်မှာ မြေပြင်အခြေစိုက် ရေဒါစခန်းတွေနဲ့ ကြားဖြတ်တိုက်ခိုက်ရေး လေယာဉ်တွေ ပါဝင်ပါတယ်။ အဲဒီ ဒုံးကျည်ကာကွယ်ရေးစနစ်ရဲ့ စစ်ဆင်ရေး ကွပ်ကဲမှုပိုင်းမှာ အမေရိကန် ပါဝင်မှုမရှိဘူး ဆိုတဲ့ ပြောဆိုချက်ကို သံသယရှိတယ်လို့ လာရော့ဗ်က မော်စကိုမှာပြုလုပ်တဲ့ နှစ်ပတ်လည် သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ အဲဒီ ဒုံးကျည်ဖြန့်ကြက်တာဟာ ရုရှား-ဂျပန် ဆက်ဆံရေးကို ထိခိုက်နိုင်တယ်လို့လည်း လာရော့ဗ်က ပြောကြားခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
4 years Ago
Up