ဂျပန်တွင်ကျင်းပသည့် လက်ဝှေ့ပွဲတွင် မြန်မာလက်ဝှေ့ကျော်များ ယှဉ်ပြိုင်ထိုးသတ်

September 29, 2017

ဂျပန်တွင်ကျင်းပသည့် လက်ဝှေ့ပွဲတွင် မြန်မာလက်ဝှေ့ကျော်များ ယှဉ်ပြိုင်ထိုးသတ်

ဂျပန်နိုင်ငံ တိုကျိုမြို့တော်မှာ ကျင်းပတဲ့ လက်ဝှေ့ပွဲမှာ မြန်မာ့ရိုးရာ လက်ဝှေ့ကျော်တွေ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ဟံသာဝတီသားနဲ့ မာကိုကို (ဂျပန်) တို့ပွဲစဉ်မှာ ပူးတွဲသရေကျခဲ့ပါတယ်။ မြန်မာမယ်ဒီယာဂရုပ်နဲ့ နိုင်ငံတကာ ရိုးလက်ဝှေ့အဖွဲ့ချုပ် (ဂျပန်) တို့ ပူးပေါင်းပြီး စက်တင်ဘာ ၂၈ ရက်က ကျင်းပတဲ့ ဒီလက်ဝှေ့ပွဲကို သရုပ်ဆောင်မင်းသားနဲ့ ဂျပန်ပေါ့ပ်အဆိုတော် မြန်မာနိုင်ငံဖွား မိုရီဆာကီဝင်းလည်း တက်ရောက်အားပေးခဲ့ပါတယ်။ ပြိုင်ပွဲကို ရိုးရာစနစ်အတိုင်း ကျင်းပပြီး တွဲဆိုင်း ၆ ဆိုင်း ပါဝင်ကာ မြန်မာလက်ဝှေ့ကျော် ၅ ယောက် ပါဝင်ထိုးသတ်ခဲ့ပါတယ်။ မြန်မာက သားအသည်းတပွင့်နဲ့ မွေထိုင်းချန်ပီယံ ပါဝိတို့ပွဲမှာတော့ ၅ ချီအထိ ထိုးသတ်ပြီး ပူးတွဲသရေကျခဲ့ပါတယ်။ ဖျံသွေးကတော့ ဂျပန်က ဟာရေယူရာကို အလဲထိုး အနိုင်ရခဲ့ပြီး ရန်နိုင်အောင်နဲ့ ဝင်းထွန်းတို့ကတော့ ဂျပန်ကပြိုင်ဘက်တွေနဲ့ ပူးတွဲသရေကျခဲ့ပါတယ်။
4 years Ago
Up