ဂျပန်တိုက်စစ်မှူး

July 27, 2018

ဂျပန်တိုက်စစ်မှူး ယိုရှီနိုရီမူတိုကို နယူးကာဆယ် ခေါ်ယူ

နယူးကာဆယ်အသင်းဟာ ဂျပန်တိုက်စစ်မှူး ယိုရှီနိုရီမူတိုကို ဂျာမန်ကလပ် မိန့်ဇ်အသင်းကနေ ခေါ်ယူဖို့ သဘောတူညီချက် ရသွားပါတယ်။ အသက် ၂၆ နှစ်အရွယ် တိုက်စစ်မှူး မူတိုရဲ့ ပြောင်းရွှေ့ကြေးကို ပေါင် ၁ဝ သန်းဝန်းကျင်လောက် ရှိမယ်လို့ ဗြိတိသျှမီဒီယာတွေက ခန့်မှန်းထားပါတယ်။ ဂျပန်တိုက်စစ်မှူးဟာ ပြီးခဲ့တဲ့ရာသီက မိန့်ဇ်အသင်းအတွက် ၈ ဂိုး သွင်းယူထားပါတယ်။ တိုက်စစ်မှူး မူတိုဟာ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပိုလန်ကိုရှုံးတဲ့ပွဲစဉ် တပွဲပဲ ကစားခွင့် ရခဲ့ပါတယ်။ မူတိုဟာ ဒီရာသီ နယူးကာဆယ်အသင်းကနေ ၅ ယောက်မြောက် ခေါ်ယူခြင်းခံရတဲ့ ကစားသမားလည်း ဖြစ်ပါတယ်။
3 years Ago
Up