ဂျပန်စစ်တပ်က တင့်ကားတွေ၊ တိုက်ခိုက်ရေး ရဟတ်ယာဉ်တွေနဲ့ ဖူဂျီတောင်ခြေမှာ သြဂုတ် ၂၅ ရက်နေ့က စစ်ရေးလေ့ကျင့်ခဲ့ကြပါတယ်။
ဂျပန်ပိုင်နက်ကို ကာကွယ်ဖို့ စစ်တပ်က သုံးမယ့် ပစ္စည်းကိရိယာတွေနဲ့ နည်းဗျူဟာတွေကို အများပြည်သူကိုပါ ပြသခဲ့ပါတယ်။
အပါချီ တိုက်ခိုက်ရေး ရဟတ်ယာဉ်တွေ၊ တိုက်ပွဲဝင် တင့်ကားတွေနဲ့ တခြား သံချပ်ကာ တိုက်ခိုက်ရေး ယာဉ်တွေ အပါအဝင် စစ်လေယာဉ် အစီး ၆၀ လောက်လည်း ခင်းကျင်းပြသတဲ့ အထဲမှာ ပါပါတယ်။
မြောက်ကိုရီးယားက ရေငုပ်သင်္ဘောကနေ ဒုံးကျည် စမ်းသပ်ပစ်လွှတ်ခဲ့အပြီး တရုတ်ကလည်း စစ်အင်အား တိုးချဲ့နေချိန်မှာ ဂျပန်က ခုလို လေ့ကျင့်တာပါ။
မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျွန်အန်းရဲ့ ကြီးကြပ်မှုနဲ့ ဂျပန်ကို ချိန်ရွယ်ပြီး ပဲ့ထိန်းဒုံးကျည် တစီးကို ရေငုပ်သင်္ဘောကနေ ပစ်လွှတ်စမ်းသပ်ခဲ့တယ်လို့ မြောက်ကိုရီးယား အစိုးရမီဒီယာက သြဂုတ် ၂၄ ရက်နေ့က ကြေညာခဲ့ပါတယ်။
5 years Ago