ဂျပန်ငါးလေလံပွဲတွင်

January 5, 2017

ဂျပန်ငါးလေလံပွဲတွင် ကျူနာငါးတကောင်ကို ကန်ဒေါ်လာ ၆ သိန်းကျော်ဖြင့် ရောင်းချ

ဂျန်န်နိုင်ငံရဲ့ အထင်ကရ စကီဂျိ ငါးဈေးကြီးမှာ ၂၀၁၇ ခုနှစ်ရဲ့ပထမဆုံး ငါးလေလံပွဲကို ကြာသပတေးနေ့က ကျင်းပခဲ့ပြီး ကီလို ၂၀၀ ကျော်ရှိတဲ့ ကျူနာငါးတကောင်ကို အမေရိကန်ဒေါ်လာ ၆၁၄၀၀၀ ကျော်နဲ့ ရောင်းချခဲ့ရပါတယ်။ တိုကျိုမြို့တော်က နာမည်ကျော် ဆူရှီဆိုင်တဆိုင်က ၀ယ်ယူသွားတာဖြစ်ပြီး အဲဒီဆိုင်ကပဲ ၆ နှစ်ဆက်တိုက် အမြင့်ဆုံးဈေးပေးပြီး ၀ယ်ယူခဲ့တာပါ။ ပြီးခဲ့တဲ့နှစ်က ဈေးက မြင့်ပေမယ့် ၂၀၁၃ ခုနှစ်က ရရှိခဲ့တဲ့ အမေရိကန်ဒေါ်လာ ၁ ဒသမ ၃ သန်းကျော်ကိုတော့ မမီခဲ့ပါဘူး။ အခုလို ပထမဆုံးလေလံရက်မှာ ဈေးမြင့်မြင့်ရလေ အဲဒီနှစ်မှာ စီးပွားတိုးတက်ကောင်းမွန်လေလို့ ယုံကြည်ကြတာပါ။ အခုနှစ်လေလံဈေး အဖွင့်ကောင်းခဲ့ပေမယ့် ဒီငါးဈေးကြီးကို နေရာသစ်ကို ပြောင်းရွေ့ခဲ့ကြရတာကိုတော့ ငါးသည်တွေက သဘောမတွေ့ကြပါဘူး။ နှစ်ပေါင်း ၈၀ ကျော်သက်တမ်းရှိပြီဖြစ်တဲ့ ငါးဈေးဟောင်းကနေ ပြီးခဲ့တဲ့နှစ်ကတည်းက ပြောင်းရွှေ့ဖို့ စီစဉ်ခဲ့ကြပေမယ့် အဆိပ်သင့်ပစ္စည်း ညမ်းညမ်းမှုတွေကြောင့် နဂိုအစီအစဉ်အတိုင်း မပြောင်းရွှေ့ဖြစ်ခဲ့ကြပါဘူး။ ဒီ တိုကျိုမြို့တော်က စကီဂျိငါးဈေးဟောင်းကြီးဟာ ကမ္ဘာလှည့်ခရီးသည်တွေလည်း စိတ်ဝင်စားစရာ လာရောက်လည်ပတ်တဲ့ ငါးဈေးကြီးလည်းဖြစ်ပါတယ်။
5 years Ago
Up