ဂျပန်ခရီးသွား

June 3, 2018

ဂျပန်ခရီးသွား အမျိုးသမီးအား အဓမ္မပြုကျင့်ခဲ့မှုဖြင့် အိန္ဒိယတက္ကစီယာဉ်မောင်းကို ဖမ်းဆီး

ဂျပန်ခရီးသွားတဦးကို အဓမ္မကျင့်၊ ခြိမ်းခြောက်ခဲ့တယ်လို့ စွပ်စွဲခံထားရတဲ့ တက္ကစီယာဉ်မောင်တဦးကို ဖမ်းဆီးလိုက်တယ်လို့ အိန္ဒိယရဲတပ်ဖွဲ့က ဇွန်လ ၂ ရက်နေ့က ပြောကြောင်း CAN သတင်းမှာ ဖော်ပြပါတယ်။ အသက် ၃၀ အရွယ် ဂျပန်အမျိုးသမီးတဦးက ဒီလိုစွပ်စွဲခဲ့တာဖြစ်ပြီး သူမဟာ တစ် ခြားမြို့တမြို့ကိုသွားဖို့ မေ ၃၁ ရက်နေ့က ကားငှားစီးရာမှာ ဒီလိုပြုကျင့်ခံရတာလို့ ပြောပါတယ်။ သူမရဲ့အဆိုအရ ကားကို ကမ္ဘာလှည့်ခရီးသွားတွေ ဆွဲဆောင်ရာ နာမည်ကျော် မာနာလီကနေ ငှားခဲ့တာလို့ သိရပြီး တက္ကစီယာဉ်မောင်းက အနီးအနားမှာရှိတဲ့ တောတွင်းတစ်နေရာကို ခေါ်သွားပြီး အဓမ္မကျင့်ခဲ့တာလို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ အဓမ္မကျင့်ဖို့ ကြံစဉ်မှုကို ခုခံနေမယ်ဆိုရင် အုပ်စုဖွဲ့ အဓမ္မကျင့်ဖို့ သူ့အပေါင်းအပါတွေကို လှမ်းခေါ်လိုက်မယ်လို့ ကားသမားက ခြိမ်းခြောက်ခဲ့ကြောင်းလည်း ရဲတပ်ဖွဲ့ရဲ့ထုတ်ပြန်ချက်မှာ ပါဝင်ပါတယ်။ အဓမ္မမှုကျူးလွန်ပြီးတဲ့နောက်မှာ ကားသမားက အမျိုးသမီးကို အနီးအနားက မြိုတမြို့မှာ ချပေးခဲ့ပြီးနောက်မှာ အမျိုးသမီးက ရဲတပ်ဖွဲ့ကို လာရောက်တိုင်ကြားခဲ့တာလို့ ဒေသဆိုင်ရာ ရဲအရာရှိ ရှာလီနီက ပြောပါတယ်။ ပြစ်မှုကျူးလွန်သူဟာ မာနာလီဒေသခံတဦးဖြစ်တယ်လို့ ဆိုပါတယ်။ အိန္ဒိယနိုင်ငံဟာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနှုန်းမြင့်မားတဲ့ နိုင်ငံတွေထဲက တခုဖြစ်ပြီး ၂၀၁၆ ခုနှစ်အတွင်း နိုင်ငံတ၀န်းလုံးမှာ အဓမ္မမှုပေါင်း ၄၀၀၀၀ ကျော်ဖြစ်ပွားခဲ့တယ်လို့ မှတ်တမ်းတင်ခဲ့နိုင်ပါတယ်။ ဟိမဝန္တာတောင်ခြေမှာရှိတဲ့ နာမည်ကျော် မာလီနာမြို့ဟာ ကမ္ဘာ့လှည့်ခရီးသည်တွေ လည်ပတ်ရာနေရာတခုဖြစ်ပြီး မကြာသေးခင်နှစ်တွေကလည်း ကမ္ဘာ့လှည့်ခရီးသွား အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်မှုတွေ ပေါ်ပေါက်ခဲ့ဖူးပါတယ်။
4 years Ago
Up