အရှေ့တရုတ်ပင်လယ်တွင်းက ဂျပန်ရေပိုင်နက်အတွင်း တရုတ်ရေတပ်သင်္ဘောတွေ ၀င်ရောက်တဲ့အပေါ် ဂျပန်နိုင်ငံခြားရေးဝန်ကြီး ဖူမီအိုကီရှီဒါက တရုတ်သံအမတ်ကို ဒီနေ့ဆင့်ခေါ် ကန့်ကွက်ပြောကြားခဲ့ကြောင်း ဂျပန်အန်အိပ်ခ်ျကေသတင်းက ရေးပါတယ်။
ဂျပန်က အကြိမ်ကြိမ်ကန့်ကွက်နေတဲ့အကြားက ဆင်ကားကူးကျွန်းတ၀ိုက်အခြေအနေဟာ ပုံမှန်ဖြစ်ပျက်နေတဲ့ အခြေအနေတရပ်မဟုတ်ဘူးလို့ နိုင်ငံခြားရေးဝန်ကြီးက ထောက်ပြခဲ့ပါတယ်။
တရုတ်သံအမတ်ကတော့ ဒီကျွန်းတွေဟာ တရုတ်နိုင်ငံရဲ့ အစဉ်အဆက်ပိုင်နက်နယ်မြေတွေ ဖြစ်ကြောင်း ထပ်လောင်းအတည်ပြုတုံ့ပြန်ခဲ့ပြီး ဒါကြောင့် တရုတ်သင်္ဘောတွေ လွတ်လပ်စွာ သွားခွင့်ရှိတယ်လို့ ပြောဆိုခဲ့ပါတယ်။
တွေ့ဆုံပွဲအပြီး တရုတ်သံအမတ်က သတင်းထောက်တွေကို ပြောဆိုရာမှာ အခြေအနေတွေ ထပ်မံမရှုပ်ထွေးစေဖို့ နှစ်ဘက်စလုံးက အေးဆေးတည်ငြိမ်စွာနဲ့ လုပ်ဆောင်သင့်တယ်လို့ ပြော ပါတယ်။
ပြီးခဲ့တဲ့ သောကြာနေ့နဲ့ မနေ့က တရုတ်ရေတပ်ရေယာဉ် ၁၃စင်းဟာ (Senkaku) ကျွန်းစုနား ရောက်ခဲ့ပြီး ရေတပ်ယာဉ်တစင်းဟာ ဂျပန့်ရေပိုင်နက်ထဲကို ၀င်ရောက်ခဲ့တယ်လို့ ဂျပန်မ်းခြေ စောင့်တပ်က ဆိုပါတယ်။
အဲဒီ ကျွန်းစုတွေကို ဂျပန်က အစဉ်အဆက် ပိုင်ဆိုင်ခဲ့တဲ့ ပိုင်နက်နယ်မြေတွေ ဖြစ်တယ်ဆိုတဲ့ အချက်ကို ကိုင်စွဲထားပါတယ်။ တရုတ်နဲ့ ထိုင်ဝမ်တို့ကလည်း သူတို့ပိုင်တယ်လို့ ပြောနေပါတယ်။
5 years Ago