ဂျပန်ကျွန်းတကျွန်းပေါ်တွင်

December 9, 2017

ဂျပန်ကျွန်းတကျွန်းပေါ်တွင် မီးစက်ခိုးသည့် မြောက်ကိုရီးယား ၃ ဦးကို ဖမ်းဆီး

ဂျပန်နိုင်ငံရဲ့ လူအမြဲမနေတဲ့ ကျွန်းတကျွန်းပေါ်က တဲထဲမှာရှိတဲ့ မီးစက်တလုံးကို ခိုးယူမှုနဲ့ မြောက်ကိုရီးယား လှေသား ၃ ယောက်ကို ဂျပန်ရဲတွေ မနေ့က ဖမ်းဆီးလိုက်တယ်လို့ ဂျပန် မီဒီယာက ပြောပါတယ်။ ဂျပန် ကမ်းလွန် ပင်လယ်ပြင်ကို မြောက်ကိုရီးယား ငါးဖမ်းလှေတွေ ပိုပြီးရောက်လာချိန်မှာ ခုဖြစ်ရပ်ဟာ နောက်ဆုံး ဖြစ်ရပ်ပါ။ လှေသား ဆယ်ယောက်ပါတဲ့ လှေတစီးကို ဟော့ကိုင်းဒိုး ကျွန်းမကြီးရဲ့ ကမ်းလွန်ပင်လယ်ထဲက ကျွန်းလေးတခုပေါ် ခိုလှုံနေတာကို အရင်လက တွေ့ခဲ့ပါတယ်။ လှေသား အတော်များများက တဲထဲက လျှပ်စစ်ပစ္စည်းတွေကို ယူခဲ့မိတယ်လို့ ပြောကြောင်း NHK နဲ့ တခြား ဂျပန်မီဒီယာတွေမှာ ဖော်ပြထားပါတယ်။ ဟော့ကိုင်းဒိုး ကျွန်းပေါ်က ရဲတွေကို ချက်ချင်း ဆက်သွယ်လို့ မရသေးပါဘူး။ ဂျပန် ကမ်းရိုးတန်း အစောင့်တပ် ပြောခွင့်ရကလည်း မှတ်ချက်ပေးဖို့ ငြင်းပယ်ခဲ့တယ်လို့ ဆိုပါတယ်။ လတ်တလော သီတင်းပတ်တွေအတွင်း ရောက်လာတဲ့ မြောက်ကိုရီးယား သစ်သားလှေတွေပေါ်မှာ အထူးတာဝန် ထမ်းဆောင်ရင်း ငါးဖမ်းဖို့ လွှတ်လိုက်တဲ့ စစ်သားတွေ အပါအဝင် ငါးဖမ်းသမားတွေ ပါတယ်လို့ သိရပါတယ်။ ငါးဖမ်းသမားတွေထဲမှာ မြောက်ကိုရီးယားကနေ ဘက်ပြောင်းလာသူတွေ ပါနိုင်ကြောင်း အဆိုပြုချက်ကိုတော့ မတွေ့ရပါဘူး။
4 years Ago
Up