ဂျပန်ကာကွယ်ရေးဝန်ကြီး

March 7, 2018

မြောက်ကိုရီးယားရည်ရွယ်ချက် လေ့လာရန်လိုဟု ဂျပန်ကာကွယ်ရေးဝန်ကြီး ပြော

မြောက်ကိုရီးယားရဲ့ ရည်ရွယ်ချက်တွေဟာ ရှင်းရှင်းလင်းလင်း မရှိတာကြောင့် ဂရုတစိုက် စိစစ်လေ့လာဖို့ လိုဦးမယ်လို့ ဂျပန်ကာကွယ်ရေးဝန်ကြီး အိဆုနိုရီ အိုနိုးဒဲရာက မတ်လ ၇ ရက်နေ့မှာ သတင်းထောက်တွေကို ပြောလိုက်ပါတယ်။ တောင်နဲ့မြောက်ကိုရီးယား ၂ နိုင်ငံ ထိပ်သီးဆွေးနွေးပွဲ ကျင်းပမယ့် အစီအစဉ်နဲ့ ပတ်သက်ပြီး ဝန်ကြီးက အခုလို ပြောလိုက်တာပါ။ အဓိပ္ပါယ်ပြည့်ဝတဲ့ ဆွေးနွေးပွဲဖြစ်ဖို့ မြောက်ကိုရီးယားနိုင်ငံအနေနဲ့ နျူကလီးယား လျှော့ချရေး တိကျတဲ့ခြေလှမ်းတွေ လှမ်းရမယ်လို့ ဝန်ကြီးက ပြောပါတယ်။ အမေရိကန်၊ တောင်ကိုရီးယားနိုင်ငံတို့နဲ့ ပူးပေါင်းပြီး မြောက်ကိုရီးယားကို ဖိအားပိုပေးသွားမယ့် ဂျပန်နိုင်ငံရဲ့ ရပ်တည်ချက် မပြောင်းလဲဘူးလို့လည်း ဝန်ကြီးက ပြောပါတယ်။ တောင်ကိုရီးယား ကိုယ်စားလှယ်အဖွဲ့ဟာ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းကို ပြုံချန်းမြို့မှာ မတ်လ ၅ ရက်နေ့က ပထမဆုံး သွားရောက်တွေ့ဆုံခဲ့ပြီးတဲ့နောက် တောင်နဲ့မြောက် ကိုရီးယားခေါင်းဆောင်တွေ ထိပ်သီးဆွေးနွေးပွဲ ပြုလုပ်မယ့်သတင်းကို ထုတ်ပြန်ခဲ့ပါတယ်။
3 years Ago

July 28, 2017

ဂျပန်ကာကွယ်ရေးဝန်ကြီး ရာထူးမှနုတ်ထွက်

တိုက်ခိုက်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ ဂျပန်ကာကွယ်ရေးဝန်ကြီး တိုမိုမိ အီနာဒါ (Tomomi Inada) ဟာ ဇူလိုင် ၂၈ ရက်က ရာထူးကနေ နုတ်ထွက်သွားပါတယ်။ အသက် ၅၈ နှစ်အရွယ် အမျိုးသမီးတဦးဖြစ်တဲ့ တိုမိုမိ အီနာဒါဟာ ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဆက်တိုက်ဖြစ်ပေါ်နေတဲ့ ချွတ်ယွင်းချက်တွေ၊ မှားယွင်းတဲ့ လုပ်ရပ်တွေကို အကာအကွယ်ပေးဖို့ ကြိုးပမ်းခဲ့ရပြီးနောက် အခုလို ရာထူးကနေ နုတ်ထွက်သွားတာ ဖြစ်ပါတယ်။ ဂျပန်ကာကွယ်ရေးဝန်ကြီးရဲ့ နုတ်ထွက်မှုဟာ တောင်ဆူဒန်မှာ တာဝန်ထမ်းဆောင်နေတဲ့ ဂျပန်စစ်ဘက်အရာရှိတွေရဲ့ ပြဿနာဖြစ်ပွားချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။ အမေရိကန်ဦးဆောင်တဲ့ တောင်ဆူဒန် ငြိမ်းချမ်းရေးထိန်းသိမ်းမှုလုပ်ငန်းမှာ ဂျပန်စစ်ဘက်အရာရှိတွေလည်း ပါဝင်ထမ်းဆောင်နေတာဖြစ်ပြီး သစ်ခိုးတဲ့အမှုတခုမှာ ပါဝင်ပတ်သက်နေတယ်လို့ သံသယရှိခံနေရတာ ဖြစ်ပါတယ်။ ဂျပန်ကာကွယ်ရေးဝန်ကြီးမှာ အားနည်းချက်တွေရှိပေမယ့် သူ့ကို ထိန်းမထားနိုင်တဲ့အတွက် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးကို သူ့ရဲ့ပါတီက လွှတ်တော်အမတ်တွေသာမက အတိုက်အခံအမတ်တွေကပါ အပြင်းအထန် ဝေဖန်နေကြပါတယ်။
4 years Ago
Up