ဂျပန်ကလပ်

July 12, 2019

ဘောလုံးသမိုင်းတလျှောက် ၉၃ နှစ်ရှိ အသက်အကြီးဆုံး တိုက်စစ်အတွဲ

ဂျပန် ဂျေတူးလိဂ်ကလပ် ယိုကိုဟားမားအသင်းဟာ ဘောလုံးသမိုင်းတလျှောက် အသက်အကြီးဆုံး တိုက်စစ်အတွဲ ဖြစ်လာစေမယ့် ကစားသမားခေါ်ယူမှုတခု ပြုလုပ်ခဲ့ပါတယ်။ စကော့တလန်ကလပ် ဆဲလ်တစ်အသင်း ၃ နှစ်ဆက် ဖလားရရှိရာမှာ အဓိကနေရာက ပါဝင်ခဲ့တဲ့ ဂျပန်တိုက်စစ်မှူးကြီး နာကာမူရာကို ဂျေဝမ်းကလပ် ဂျူဘီလိုအီဝါတာ အသင်းကနေ ခေါ်ယူခဲ့တာပါ။ ပြီးခဲ့တဲ့ရာသီက စာချုပ် ချုပ်ဆိုခဲ့တဲ့ အသက် ၅၂ နှစ်အရွယ် မီအူရာအပြင် အသက် ၄၁ နှစ်အရွယ် နာကာမူရာကိုပါ ခေါ်ယူခဲ့တာကြောင့် နှစ်ယောက်ပေါင်း ၉၃ နှစ်ရှိတဲ့ တိုက်စစ်အတွဲကို ဘောလုံးသမိုင်းမှာ ပထမဆုံး မြင်တွေ့ရတော့ပါ။ မီအူရာဟာ ကမ္ဘာ့အသက်အကြီးဆုံး ဂိုးသွင်းယူခဲ့သူ စတန်လေမက်သရူးရဲ့ စံချိန်ကို ၂၀၁၇ ခုနှစ်မှာ ဂိုးသွင်းပြီး ချေဖျက်ပြခဲ့သလို ကြံ့ခိုင်မှုကောင်းသလောက် ဆက်ပြီး ကစားဦးမယ်လို့ ကြေညာထားသူ ဖြစ်ပါတယ်။ နာကာမူရာဟာ ဆဲလ်တစ်အသင်းနဲ့အတူ ကျော်ကြားခဲ့ပြီး စပိန်ကလပ် အက်စပန်ညိုမှာလည်း သွားကစားခဲ့ဖူးပါတယ်။ ၂၀၁၀ ပြည့်နှစ်မှာ ဂျပန်ကလပ် ယိုကိုဟားမား မားရီနို့စ်အသင်းကို ပြန်လည်ပြောင်းရွှေ့ခဲ့ပြီး ၇ နှစ်နီးပါး ကစားခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်မှာတော့ အီဝါတာအသင်းကို ထပ်မံပြောင်းရွှေ့ပြီး အခုလက်ရှိမှာတော့ ယိုကိုဟားမားအသင်းနဲ့ လာရောက်ပူးပေါင်းခဲ့တာ ဖြစ်ပါတယ်။
2 years Ago

May 4, 2019

မန်စီးတီးကွင်းလယ်လူ ဒေးဗစ်ဆေးဗားကို ခေါ်ယူရန် ဂျပန်ကလပ် စိတ်ဝင်စားနေ

ဂျပန်ကလပ် ဗစ်ဆယ်ကိုဘေးအသင်းဟာ စပိန်ကွင်းလယ်လူ နှစ်ဦးနဲ့အတူ ကစားစေဖို့ မန်ချက်စတာစီးတီးအသင်းရဲ့ ကွင်းလယ်လူ ဒေးဗစ်ဆေးဗားကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ ဆေးလ်ဗားဟာ မန်စီးတီးအသင်းနဲ့ စာချုပ်သက်တမ်း တနှစ်သာ ကျန်ရှိတော့တာပါ။ ဒါပေမယ့် အသက် ၃၃ နှစ်အရွယ် ဆေးလ်ဗားဟာ ဂွါဒီယိုလာရဲ့ စိတ်ကြိုက်ကစားသမား ဖြစ်နေသေးတာကြောင့် ခက်ခဲနိုင်ပေမယ့် ဂျေဝမ်းကလပ်ဘက်ကတော့ သူတို့အသင်းမှာ စပိန်ကစားသမားတွေဖြစ်တဲ့ ဒေးဗစ်ဗီလာနဲ့ အန်နီယေစတာတို့ ရှိနေတာကို အခွင့်ကောင်းယူပြီး ဂျပန်မြေကို အရောက်ခေါ်ဖို့ ကြိုးပမ်းနေတယ်လို့ သိရပါတယ်။ ကစားသမားကတော့ သူ့အနေနဲ့ စာချုပ်သစ်ကို လက်ရှိအသင်း ဒါမှမဟုတ်ရင် သူ့ရဲ့ ငယ်မွေးခြံပေါက်ကလပ် လက်စ်ပဲလ်မက်စ်အသင်းနဲ့ပဲ စာချုပ်ချုပ်လိုတယ်လို့ ပြောကြားထားပါတယ်။ ဆေးလ်ဗားဟာ မန်စီးတီးအသင်းမှာ ၂၀၁၀ ပြည့်နှစ်ကတည်းကစတင်ပြီး ဆယ်စုနှစ်တခုနီးပါး ကစားခဲ့တာလည်း ဖြစ်ပါတယ်။
2 years Ago
More News
Up