ဂျပန်ကမ်းတက်တပ်ဖွဲ့ လေ့ကျင့်မှု ပြုလုပ် (ရုပ်သံ)

April 8, 2018

တရုတ်ရန် ကာကွယ်ရန် ဂျပန်ကမ်းတက်တပ်ဖွဲ့ လေ့ကျင့်မှု ပြုလုပ် (ရုပ်သံ)

ဂျပန်နိုင်ငံဟာ  တရုတ်နိုင်ငံရန်ကနေ ကာကွယ်ဖို့အတွက် ဒုတိယကမ္ဘာစစ်နောက်ပိုင်း ပထမဆုံးအကြိမ်  ကမ်းတက်တပ်ဖွဲ့လေ့ကျင့်မှုကို ဧပြီလ ၇ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။ အဲဒီလေ့ကျင့်မှုဟာ တောင်တရုတ်ပင်လယ်ရှိ ဂျပန်ကျွန်းတွေ သိမ်းပိုက်ခံရမှုကို တန်ပြန် တိုက်ခိုက်ဖို့ လေ့ကျင့်နေတာဖြစ်ပါတယ်။ ကျူရှုးကျွန်းအနောက်တောင်ပိုင်းရှိ ဆာဆယ်ဘို စစ်စခန်းမှာ ပြုလုပ်တဲ့ ကမ်းတက်တပ်ဖွဲ့လေ့ကျင်ရေးမှာ  တပ်ဖွဲ့ဝင် ၁,၅၀၀ လောက် ပါဝင်ခဲ့ပါတယ်။ အဲဒီ အခမ်းအနားမှာ ဂျပန်ကာကွယ်ရေး ဒုဝန်ကြီးက ဂျပန်နိုင်ငံ ၀န်းကျင် လုံခြုံရေး ဆိုးရွားလာချိန်မှာ ဂျပန်ကျွန်းတွေကို ကာကွယ်ရေးဟာ အရေးပါလာကြောင်း မိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။ အဲဒီ လေ့ကျင့်မှုမှာ ရဟတ်ယာဉ်တင် ယာဉ်တွေ၊ ကုန်းရေ နှစ်တန် သွားနိုင်တဲ့ယာဉ်တွေ၊ ကမ်းတပ်တပ်ဖွဲ့ တင်ယာဉ်တွေနဲ့ ကုန်းရေ နှစ်တန် တိုက်ခိုက်ရေး ယာဉ်တွေ ပါဝင်တယ်လို့ ရိုက်တာသတင်း မှာဖော်ပြထားပါတယ်။  
3 years Ago
Up