ဂျန့်

A d v e r t i s e m e n t With Us

March 9, 2016

ချန်ပီယံလိဂ်ပွဲစဉ် ၀ုဖ်ဘတ် ၁ - ၀ ဂျန့် (ရုပ်သံဟိုက်လိုက်)

မတ်လ ၈ ရက်ညက ယှဉ်ပြိုင်သွားတဲ့ ချန်ပီယံလိဂ် ရှုံးထွက် ဒုတိယအကျော့ ပွဲစဉ်မှာ ဂျာမန်ကလပ် ၀ုဖ်ဘတ်က ဘယ်လ်ဂျီယံကလပ် ဂျန့်ကို ၁ ဂိုး ဂိုးမရှိနဲ့နိုင်ပြီး ကွာတားဖိုင်နယ်ကို တက်ရောက်သွားပါတယ်။ ၀ုဖ်ဘတ်အတွက် တလုံးတည်းသော အနိုင်ဂိုးကို ပွဲချိန် ၇၄ မိနစ်မှာ အန်ဒရေ ရှာရယ်လ် (Andre Schuerrle) က သွင်းယူပေးခဲ့တာပါ။ ဒီပွဲမှာ ဘယ်လ်ဂျီယံကလပ် ဂျန့်က ဘောလုံးပိုင်ဆိုင်မှု အသာစီးရယူနိုင်ခဲ့ပေမယ့်လည်း ဂိုးပေါက်ကန်သွင်းခွင့်မှာတော့ ၀ုဖ်ဘတ်က အသာရခဲ့ပါတယ်။ ပထမအကျော့ ဂျန့်ကွင်းမှာ ကန်ခဲ့တုန်းကလည်း ၀ုဖ်ဘတ်ကပဲ ၃ ဂိုး ၂ ဂိုးနဲ့ အနိုင်ခဲ့တာမို့ နှစ်ကျော့ပေါင်း ၄ ဂိုး ၂ ဂိုးနဲ့ ၀ုဖ်ဘတ် ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ကို တက်ရောက်သွားခဲ့ပါတယ်။
5 years Ago
Up