ဂျနီဖာလိုပက်

April 28, 2017

လိင်ဆွဲအားပြင်းဝတ်စုံဖြင့် ဂီတထူးချွန်ဆုပေးပွဲ တက်လာသည့် ဂျနီဖာလိုပက် (ရုပ်သံ)

နာမည်ကျော် အဆိုတော်တဦးဖြစ်တဲ့ ဂျနီဖာလိုပက်ဇ်ဟာ ဖလော်ရီဒါမှာကျင်းပတဲ့ ဘီလ်ဘုတ်လက်တင် ဂီတထူးချွန်ဆုပေးပွဲကို ထူးခြားတဲ့ ငါးဖမ်းပိုက်ကွန်ဝတ်စုံနဲ့ တက်ရောက်ခဲ့ပါတယ်။ ဒီပွဲတော်ကို ဧပြီ ၂၇ ရက်နေ့က ဝက်တ်စ်ကိုစင်တာမှာ ကျင်းပခဲ့တာဖြစ်ပြီး အသက် ၄၇ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ အဆိုတော်ဟာ ခုလို ထူးခြားတဲ့ဝတ်စုံနဲ့ တက်ရောက်လာခဲ့တာပါ။ အနက်ရောင် ငါးဖမ်းပိုက်ပုံသဏ္ဌာန် ဖန်တီးထားပြီး ပါးလွှာတဲ့ ဝတ်စုံအောက်က ဖြတ်ထုတ်ထားခဲ့တဲ့ နေရာတွေကတော့ ကျောပြင်၊ နံဘေးဘက်နဲ့ ပေါင်တွေကို အတိုင်းသားမြင်နေရတာဖြစ်ပြီး ရှေ့ပိုင်းကတော့ ပေါင်အလယ်ပိုင်းတည့်တည့်နေရာကနေ အောက်ခြေထိ ခွဲချထားခဲ့တာကို တွေ့ရမှာပါ။ ဆံပင်နီညိုရောင်တွေကို နောက်ဘက်မှာ ပိုနီတေးလ်ပုံစံ ခပ်မြင့်မြင့်စည်းနှောင်ထားကာ ရှေ့ဖွင့်စတီလို ဒေါက်ဖိနပ်အမြင့်တရံကို စီးလာခဲ့တဲ့ ဂျေလိုရဲ့ အလှတရားဟာ တကယ့်ကို ပေါ်လွင်နေခဲ့ပါတယ်။ လိင်ဆွဲအားပြင်းအဆိုတော် ဂျေလိုဟာ ဒီပွဲမှာ ပါဝင်သီဆိုဖို့လည်း ပြင်ဆင်လာခဲ့တာပါ။ သူ့မှာ အရင်ခင်ပွန်း မာ့ခ်အန်တိုနီနဲ့ ရရှိထားတဲ့ ၉ နှစ်အရွယ် အမြွှာရင်သွေး ၂ ဦးရှိပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းကတော့ ဂျေလိုဟာ ဘေ့စ်ဘောလ်ကစားသမားတဦးဖြစ်တဲ့ အသက် ၄၁ နှစ်အရွယ် အဲလက်စ် ရိုဒရီဂွက်စ်နဲ့ တွဲနေခဲ့ပါတယ်။ ရုပ်သံ၊ ဓာတ်ပုံ - ဒေးလီးမေးလ်  
4 years Ago
Up