ဂျက်ဘ်ဘုရှ်

A d v e r t i s e m e n t With Us

February 16, 2016

အမေရိကန်သမ္မတဟောင်း ဂျော့ခ်ျဒဗလျူဘုရှ် ညီဖြစ်သူအတွက် မဲဆွယ်

အမေရိကန်သမ္မတဟောင်း ဂျော့ခ်ျ ဒဗလျူ ဘုရှ် (George W Bush) ဟာ ညီဖြစ်သူ ရီပတ်ဗလစ်ကန် သမ္မတလောင်း ဂျက်ဘ် ဘုရှ် (Jeb Bush) ရဲ့ တောင်ကယ်ရိုလိုင်းနားပြည်နယ် သမ္မတလောင်း ပဏာမရွေးချယ်ပွဲအကြိုမှာ ၀င်ရောက်မဲဆွယ်ခဲ့ပါတယ်။ တောင်ကယ်ရိုလိုင်းနားပြည်နယ် ပဏာမ သမ္မတရွေးချယ်ပွဲကို ဖေဖော်ဝါရီ ၂၀ ရက်နေ့ ကျင်းပမှာဖြစ်ပြီး အရင်ပြည်နယ် ၂ ခုမှာ ရွေးချယ်ခဲ့တာမှာတော့ ရှေ့ကပြေးနေတဲ့ ရီပတ်ဗလစ်ကန် သမ္မတလောင်း ဒေါ်နယ်ထရမ့်နဲ့ တက်ခရုစ်တို့က တပြည်နယ်စီ နိုင်ထားပါတယ်။ အခုလို သမ္မတဟောင်း ဂျော့ခ်ျ ဒဗလျူ ဘုရှ်က ၀င်ရောက်ကူညီ မဲဆွယ်စည်းရုံးပေးတာကို ရီပတ်ဗလစ်ကန် သမ္မတလောင်း ဒေါ်နယ်ထရမ့်က အပြင်းအထန် ဝေဖန်တိုက်ခိုက်ခဲ့ပါတယ်။ အရင် ဖလော်ရီဒါပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်းဖြစ်ခဲ့တဲ့ သမ္မတလောင်း ဂျက်ဘ်ဘုရှ်ဟာ အခုနှစ် အမေရိကန်သမ္မတ ရွေးကောက်ပွဲအတွက် ငွေကြေးအမြောက်အမြား သုံးစွဲထားပြီး ထင်သလောက် လူထုထောက်ခံမှု မရဘူးလို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ ပဏာမရွေးချယ်ပွဲတွေမှာတော့ နယူးဟမ်းရှိုင်းယားပြည်နယ်မှာ ဒေါ်နယ်ထရမ့်က နိုင်ထားပြီး အိုင်အိုဝါပြည်နယ်မှာတော့ တက်ခရုစ်က အနိုင်ရထားတဲ့အတွက် သူတို့ ၂ ဦးကို အမီလိုက်နေရတာပါ။ ဂျက်ဘ်ဘုရှ်ရဲ့ စည်းရုံးမဲဆွယ်ပွဲတွေမှာ သမ္မတဟောင်း ဂျော့ခ်ျဘုရှ် မိသားစုဝင်တွေက  သိပ်ထဲထဲဝင်ဝင် ပါဝင်တာ မရှိခဲ့ပေမယ့် ပြီးခဲ့တဲ့တပတ်က အကြီးဆုံး သမ္မတဟောင်း ဂျော့ခ်ျ အိတ်ခ်ျ ဒဗလျူ ဘုရှ် (George HW Bush) ရဲ့ဇနီး ဘာဘရာ ဘုရှ် (Barbara Bush) က ဂျက်ဘ်ဘုရှ်ကို ထောက်ခံမဲဆွယ်ပေးခဲ့ပါတယ်။ အခု အရှေ့အလယ်ပိုင်းဒေသ စစ်ပွဲတွေနဲ့ မတည်မငြိမ်ဖြစ်နေတာ သမ္မတဟောင်း ဂျော့ခ်ျ ဒဗလျူ ဘုရှ်က အီရတ်စစ်မီးကို မွှေးခဲ့လို့ဖြစ်တယ်ဆိုပြီး သမ္မတလောင်း ဒေါ်နယ်ထရမ့်က စွပ်စွဲပြောဆိုပါတယ်။
5 years Ago
Up