ဂျက်ဆီကာအင်းနရစ် ကစားသမားဘ၀မှ အနားယူပြီ

A d v e r t i s e m e n t With Us

October 15, 2016

ဂျက်ဆီကာအင်းနရစ် ကစားသမားဘ၀မှ အနားယူပြီ

ဗြိတိန်ပြေးခုန်ပစ် အားကစားမယ် ဂျက်ဆီကာအင်းနရစ်ဟာ ကစားသမားဘ၀ကနေ အနားယူလိုက်ပြီလို့ ကြေညာပြောလိုက်ပါတယ်။ အသက် ၃၀ ရှိ ၂၀၁၂ လန်ဒန် အိုလံပစ်ရွှေတံဆိပ်ဆုရှင် ဂျက်စီကာအင်းနရစ်ဟာ  ပြီးခဲ့တဲ့ ဘရာဇီးအိုလံပစ်ပြိုင်ပွဲမှာ ငွေတံဆိပ်သာ ရရှိခဲ့ပေမယ့် ကမ္ဘာ့ချန်ပီယံ နှစ်ကြိမ်၊ ဥရောပချန်ပီယံ နှစ်ကြိမ်နဲ့ အခြားဆုတံဆိပ်ပေါင်းများစွာ ရရှိထားသူပါ။ ဂျက်ဆီကာအင်းနရစ်အနေနဲ့ ကစာသမားဘ၀ကနေ အနားယူလိုက်တာဟာ မှန်ကန်ကြောင်း၊ အကောင်းဆုံးအချိန်မှာ ကစာသမားဘ၀ကနေ အနားယူချင်တာကြောင့် အခုလို ဆုံးဖြတ်ခဲ့တာဖြစ်ပြီး ဒီဆုံးဖြတ်ချက်အတွက် နောင်တရမှာ မဟုတ်ဘူးလို့  ဆိုပါတယ်။ ဂျက်ဆီကာအင်းနရစ် ကစားသမားဘ၀ကနေ အနားယူလိုက်တာဟာ ဗြိတိန်အားကစားလောကအတွက် ဝမ်းနည်းစရာဖြစ်တယ်လို့လည်း အိုလံပစ်ရွှေဆုရှင်  ဗြိတိန် အားကစားသမားဟောင်းတွေက သုံးသပ်ကြပါတယ်။
4 years Ago
Up