ဂျက်စတားလေယာဉ်ပေါ် ရန်ပွဲကြောင့် အရေးပေါ်ဆင်းသက် (ရုပ်သံ)

July 23, 2016

ဂျက်စတားလေယာဉ်ပေါ် ရန်ပွဲကြောင့် အရေးပေါ်ဆင်းသက် (ရုပ်သံ)

အင်ဒိုနီးရှားနိုင်ငံကနေ ထိုင်းနိုင်ငံ ဖူးခက်ကို သွားမယ့် ဂျက်စတား လေကြောင်းလိုင်းက လေယာဉ်ပေါ်မှာ ရန်ပွဲဖြစ်ပွားအပြီး ဘာလီကျွန်းမှာ အရေးပေါ် ဆင်းသက်ခဲ့ရပါတယ်။ အဲဒီ လေယာဉ်ပေါ်မှာ မူးယစ်ပြီး ရန်ဖြစ်တယ်လို့ စွပ်စွဲခံရတဲ့ သြစတြေးလျ နိုင်ငံသား ၆ ဦးကို အင်ဒိုနီးရှား အစိုးရက မူရင်းနိုင်ငံကို ဇူလိုင် ၂၂ ရက်နေ့ညနေပိုင်းမှာ ပြန်ပို့ခဲ့ပါတယ်။ ခရီးသည် ၃ ဦးကို မွန်းလွဲပိုင်းက လေကြောင်းလိုင်းရဲ့ လုံခြုံရေး အရာရှိတွေနဲ့ လေဆိပ် မန်နေဂျာချုပ်တို့ ကိုယ်တိုင် ခြံရံပြီး မဲလ်ဘုန်းမြို့ဆီ ပြန်ပို့ခဲ့ပါတယ်။ ညနေနှောင်းပိုင်းမှာတော့ ကျန်တဲ့ ၃ ဦးကို ပြန်ပို့ခဲ့တယ်လို့ ဆိုပါတယ်။ လေယာဉ်ကတော့ ဒီမတော်တဆမှု အပြီး မူလစီစဉ်ထားတာထက်  ၂ နာရီ နောက်ကျပြီး ထိုင်းနိုင်ငံ ဖူးခက် လေဆိပ်ကို ဆင်းသက်နိုင်ခဲ့တယ်လို့ ဒေသခံ မီဒီယာတွေက အစီရင်ခံပါတယ်။
5 years Ago
Up