ရည်းစားဟောင်း ဆလီနာဂိုမက်ဇ်နဲ့ အချင်းများခဲ့ပြီးတဲ့နောက် ဆယ်ကျော်သက်တွေရဲ့ အသည်းစွဲ နာမည်ကြီး အဆိုတော် ဂျက်စတင်ဘီဘာက အင်စတာဂရမ်အကောင့်ကို ဖျက်သိမ်းလိုက်ပါတယ်။
ရည်းစားသစ် ဆိုဖီယာ ရစ်ချီနဲ့ ပတ်သက်တဲ့ မတော်မတရား ကောလာဟလတွေကို နောက်လိုက်တွေက အင်စတာဂရမ်မှာ တင်ခဲ့ပြီးနောက် အမုန်းတရားတွေကို မထိန်းချုပ်နိုင်ရင် အကောင့်ကို သီးသန့်လုပ်ပစ်မယ်လို့ ဂျက်စတင်ဘီဘာက ခြိမ်းခြောက်ခဲ့ပါတယ်။
ရည်းစားဟောင်း ဆလီနာဂိုမက်ဇ်က အမုန်းပွားတဲ့ ဖြစ်ရပ်ကို မဖြေရှင်းနိုင်ရင် ရည်းစားသစ်နဲ့ တွဲထားတဲ့ ဓာတ်ပုံတွေ တင်တာကို ရပ်တန့်ဖို့ တုံ့ပြန်ခဲ့ပါတယ်။
ဒီလို အချင်းများပြီးတဲ့နောက်မှာတော့ ဂျက်စတင်ဘီဘာက အကောင့်ကို ပိတ်လိုက်ပြီး လက်ရှိအချိန်မှာတော့ ဂျက်စတင်ဘီဘာရဲ့ အင်စတာဂရမ် စာမျက်နှာဟာ မရှိတော့ဘူးလို့ နိုင်ငံတကာ သတင်းတွေမှာ ဖော်ပြပါတယ်။
ဒီအတွက် တချို့ပရိသတ်တွေက မယုံကြည်နိုင်ဘူးလို့ လူမှုကွန်ရက် တွစ်တာ စာမျက်နှာပေါ်မှာ ရေးသားပါတယ်။
5 years Ago