ဂုံးကောင်ရေ သောင်းနှင့်ချီ ကမ်းပေါ်ရောက်

December 4, 2016

တရုတ်နိုင်ငံကမ်းခြေတခုတွင် ဂုံးကောင်ရေ သောင်းနှင့်ချီ ကမ်းပေါ်ရောက်

တရုတ်နိုင်ငံ အရှေ့ဘက်ကမ်းခြေပေါ်မှာ ဂုံးကောင်တွေ အစုလိုက်အပုံလိုက် သောင်တင်နေတာကို စီစီတီဗီရဲ့ ဒီဇင်ဘာလ ၄ ရက်နေ့သတင်းမှာ တွေ့မြင်ရမှာပါ။ တရုတ်နိုင်ငံရဲ့အရှေ့ဘက် ရှန်ဒေါင်းခရိုင်က ကမ်းခြေမြို့တမြို့ဖြစ်တဲ့ ကင်းတောင်းမြို့ ကမ်းခြေပေါ်ကို သောင်းနဲ့ချီနေတဲ့ဂုံးကောင်တွေ တင်လာလို့ ကမ်းခြေတခုလုံး ဂုံးကောင်တွေပြည့်နေပြီး ဒေသခံတွေနဲ့ ခရီးသွားဧည့်သည်တွေကို စွဲဆောင်နေတဲ့“ဂုံးခွံကမ်းခြေ” ပုံသဏ္ဌာန်ဖြစ်နေတာပါ။ ရေသတ္တဝါ မွေးမြူရေးနဲ့ ရေအတွင်းစိုက်ပျိုးရေးလုပ်ငန်းကို မှီတင်းလုပ်ကိုင်နေကြတဲ့ ဒါဝန် ငါးဖမ်းဆိပ်ကမ်း ကမ်းခြေပေါ်ကို ဒီရေမြင့်တက်လာချိန်တွေမှာ ဒီရေက ဂုံးကောင်နဲ့ ဂုံးခွံများစွာ တွန်းပို့လိုက်တယ်လို့ ဒေသခံတွေရဲ့ပြောကြားချက်အရ သိရပါတယ်။
5 years Ago
Up