ဂေးကလပ်

March 5, 2020

နိုင်ဂျီးရီးယား ဂေးကလပ်တွင် ဖမ်းဆီးခံရသည့်အမျိုးသား ၄၇ ဦးကို ရုံးတင်တရားစွဲ

နိုင်ဂျီးရီးယားနိုင်ငံက ‌ဂေးကလပ်တခုမှာ အမျိုးသား ၄၇ ယောက်ကို ဖမ်းဆီးပြီး ရုံးတင်နိုင်ခဲ့တဲ့ ၂၀၁၈ ရဲစီးနင်းမှုအတွင်း အမျိုးသမီးတယောက်မှ အဖမ်းမခံရဘူးလို့ မျက်မြင်သက်သေက မတ်လ ၃ရက်မှာ ထွက်ဆိုလိုက်ပါတယ်။  အာဖရိကရဲ့ လူအသိပ်သည်းဆုံးနိုင်ငံဖြစ်တဲ့ နိုင်ဂျီးရီးယားမှာ လိင်တူချင်း တပ်မက်တာကို ရာဇဝတ်မှုအဖြစ် ဥပဒေနဲ့ ကန့်သတ်ထားတာပါ။  ၂၀၁၄ ခုနှစ်က နိုင်ဂျီးရီးယားသမ္မတဟောင်း ဂွဒ်လပ်ခ် ဂျိုနသန်က ပြဋ္ဌာန်းခဲ့တဲ့ ဥပဒေအရ ဖမ်းဆီးခံ သူတို့အဖွဲ့ကို ထောင်ဒဏ် ၁၀ နှစ် ပြစ်ဒဏ်ချခဲ့ပေမယ့် အမျိုးသားတွေကတော့ အပြစ် ရှိတယ်လို့ ဝန်မခံခဲ့ကြပါဘူး။  နိုင်ငံအနောက်တောင်ပိုင်းက စီးပွားရေးမြို့တော် လာဂို့စ်မှာ ကယ်လီအန်း ဟိုတယ်အတွင်း ဂေးကလပ်ကို ဒီလူတွေက စပြီးဖွင့်ခဲ့တယ်လို့ ရဲတွေက ပြောပါတယ်။  စွပ်စွဲခံတွေကတော့ သူတို့ဟာ မွေးနေ့ပါတီတခု တက်နေခဲ့တာလို့ ပြောပါတယ်။  ဒီအမှုနဲ့ ပတ်သက်ပြီး အမျိုးသမီး တချို့လည်း စီးနင်းချိန်မှာ အဖမ်းခံရပေမဲ့ နောက်ပိုင်းမှာ ပြန်လွှတ်ပေးခဲ့ပါတယ်။  “ရဲတွေ ရောက်လာချိန်မှာ ခန်းမထဲက အမျိုးသား အယောက် တစ်ရာလောက် ထွက်ပြေးခဲ့ တယ်။ လူအများအပြားက ခြံစည်းရိုးကို တွယ်တက် ကျော်ဖြတ်ခဲ့ကြတယ်”လို့ မျက်မြင်သက်သေ အိုခဲ အိုလူဖှန်မီလာယိုက ပြောပါတယ်။  ခုခံ လျှောက်လဲသူကတော့ ခန်းမထဲက အမျိုးသမီးတွေလဲ အဖမ်းခံရတယ်လို့ အခိုင်အမာ ပြောပါတယ်။  စီးနင်းမှုအတွင်း အမျိုးသား ၅၇ ယောက်ကို ဖမ်းခဲ့တာဖြစ်ပေမဲ့ ၁၀ ယောက်က တရားရုံးကို လာရောက် အစစ်ခံဖို့ ပျက်ကွက်လို့ ဖမ်းဝရမ်း ထုတ်ထားပါတယ်။ အဖမ်းခံရပြီး နောက်နေ့မှာပဲ သူတို့ ဘယ်သူဘယ်ဝါဆိုတာ ရဲတွေကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲအတွင်း နာမည်ဖော်အပြောခံရပြီး ကဲ့ရဲ့အပြစ်ပြောခံခဲ့ရတယ်လို့ ဖမ်းဆီးခံ တချို့ကို ကိုးကားပြီး ရိုက်တာသတင်းဌာနက ရေးပါတယ်။
1 year Ago
Up