ဂေါ့ဖ်အပန်းဖြေစခန်း

October 19, 2019

၂၀၂၀ ပြည့်နှစ် G7 ထိပ်သီးညီလာခံ သမ္မတထရမ့်၏ ဂေါ့ဖ်အပန်းဖြေစခန်းတွင် ကျင်းပမည်

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ လာမယ့်နှစ် G7 ထိပ်သီးညီလာခံကို ကိုယ်ပိုင် ဂေါ့ဖ်အပန်းဖြေစခန်းမှာ လက်ခံကျင်းပသွားမယ်လို့ အိမ်ဖြူတော် အရာရှိတယောက် အောက်တိုဘာ ၁၇ ရက်နေ့မှာ ပြောပါတယ်။  သမ္မတ ထရမ့်ရဲ့ ဒိုရဲယ် ဂေါဖ့်အပန်းဖြေစခန်းဟာ ကယ်လီဖိုးနီးယားပြည်နယ်မှာ တည်ရှိပြီး G7 ညီလာခံ ကျင်းပတဲ့အခါ အပန်းဖြေစခန်းရဲ့ နေရာထိုင်ခင်းတွေကို အသုံးပြုတာနဲ့ ပတ်သက်လို့ အကျိုးအမြတ်ယူမှာ မဟုတ်ဘူးလို့ အိမ်ဖြူတော် အကြီတန်းအရာရှိတယောက် ပြောပါတယ်။  လက်ရှိမှာ ထရမ့်ဟာ သူ့ရဲ့ ဘဏ္ဍာရေးပိုင်ဆိုင်မှုနဲ့ပတ်သက်လို့ ဝေဖန်ခံနေရပြီး လွှတ်တော်ဆိုင်ရာ စုံစမ်းစစ်ဆေးမှုတွေနဲ့ ရင်ဆိုင်နေရတာပါ။  အဲဒီအပန်းဖြေစခန်းမှာ G7 ထိပ်သီးညီလာခံကို ၂၀၂၀ ပြည့်နှစ် ဇွန်လ ၁၀ ရက်ကနေ ၁၂ ရက်အထိ ကျင်းပသွားမှာလို့ ဆိုပါတယ်။
2 years Ago
Up