ဂူးဂဲလ်ကုမ္ပဏီကို အီးယူအာဏာပိုင်များ တရားစွဲ

A d v e r t i s e m e n t With Us

April 22, 2016

ဂူးဂဲလ်ကုမ္ပဏီကို အီးယူအာဏာပိုင်များ တရားစွဲ

ဂူးဂဲလ် (Google) ကုမ္ပဏီဟာ သူ့ရဲ့ Android Operating System သုံးစွဲသူ များပြားမှုကို အခွင့်ကောင်းယူပြီး ဖုန်းထုတ်လုပ်တဲ့ ကုမ္ပဏီတွေနဲ့ မိုဘိုင်းဆက်သွယ်ရေး ကုမ္ပဏီတွေအပေါ် အနိုင်ကျင့်၊ လက်ဝါးကြီးအုပ်မှုတွေ ရှိနေတယ်ဆိုပြီး အီးယူအာဏာပိုင်တွေက တရားစွဲဆိုလိုက်ပါတယ်။ ဒါဟာ အီးယူရဲ့ တရားသဖြင့် ပြိုင်ဆိုင်မှုဥပဒေကို ချိုးဖောက်မှုဆိုပြီး ဂူးဂဲလ်ကုမ္ပဏီကိုလည်း ဥရောပကော်မရှင်က ကန့်ကွက်စာ ပေးပို့ခဲ့ပါတယ်။ ဂူးဂဲလ်ရဲ့ Android Operation System ကို ဖုန်း ၅ လုံးမှာ ၄ လုံးက သုံးစွဲကြပြီး Android ကို ထည့်သုံးဖို့ လျှောက်ထားတဲ့ ဖုန်းကုမ္ပဏီတွေကို လိုအပ်ချက် မြင့်မြင့်မားမားတွေ တောင်းဆိုပြီး ကုမ္ပဏီတွေကို အပြင်းအထန် ပြိုင်ဆိုင်စေတယ်၊ ပြီးတော့ ဂူးဂဲလ် မက်ပ်  (Google Map) လို၊ ဂူးဂဲလ် ခရုမ်း (Google Chrome) လို ဂူးဂဲလ် အပ် (Google App) တွေကို မထည့်မနေရ ထည့်ခိုင်းတယ်ဆိုပြီး စွပ်စွဲခံရတာပါ။ ၂၀၁၀ တုန်းကလည်း ဂူးဂဲလ် ဆာ့ခ်ျ အင်ဂျင် (Google Search Engine) မှာ သူနဲ့ ပနံသင့်တဲ့ စီးပွားရေးကုမ္ပဏီတွေရဲ့ ကုန်ပစ္စည်းတွေကို ထိပ်ဆုံးက ဖော်ပြပေးတယ်ဆိုပြီး အီးယူက တရားစွဲထားတဲ့ အမှုလည်း မပြတ်သေးပါဘူး။ ဂူးဂဲလ်ဟာ အဲ့ဒီလို ကြော်ငြာပေးမှုကနေ ပြီးခဲ့တဲ့နှစ်က အမြတ်ငွေ အမေရိကန်ဒေါ်လာ ၁၁ ဘီလီယံ ရရှိတယ်လို့ ခန့်မှန်းကြပါတယ်။
5 years Ago
Up