ဂူအမ်ကျွန်းတိုက်ခိုက်ရေး အစီအမံ လေ့လာသုံးသပ်နေသည့် ကင်ဂျုံအန်းဓာတ်ပုံများ ထုတ်လွှင့်

August 15, 2017

ဂူအမ်ကျွန်းတိုက်ခိုက်ရေး အစီအမံ လေ့လာသုံးသပ်နေသည့် ကင်ဂျုံအန်းဓာတ်ပုံများ ထုတ်လွှင့်

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်း မဟာဗျူဟာ စစ်ဌာနချုပ်ကို သွားရောက်ပြီး ဂူအမ်ကျွန်းတိုက်ခိုက်ရေး အစီအမံ လေ့လာသုံးသပ်နေတဲ့ ရုပ်သေဓာတ်ပုံတွေကို သြဂုတ် ၁၅ ရက်နေ့က နိုင်ငံပိုင် ကေအာတီ သတင်းဌာနကနေ ထုတ်လွှင့်ခဲ့ပါတယ်။ ကင်ဂျုံအန်းက သူ့အနေနဲ့ အမေရိကန်ပြည်ထောင်စုကို အချိန်နည်းနည်းပေးပြီး  စောင့်ကြည့်နေချိန်မှာ တိုက်ခိုက်ရေးအစီအမံကို ခေတ္တရပ်ဆိုင်းထားမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ ကင်ဂျုံအန်းကြည့်နေတဲ့ မြေပုံအရ ဒုံးကျည်ပစ်လွှတ်မယ့် နေရာဟာ ရေငုပ်သင်္ဘောကျင်းတည်ရှိရာ အရှေ့ဘက်ကမ်းရိုးတန်း ဆင်ပိုဆိပ်ကမ်းမြို့နားမှ ဖြစ်ပုံရပါတယ်။ အဲဒီနေရာဟာ အရင်က မြောက်ကိုရီးယား ဒုံးကျည်စမ်းသပ်ပစ်လွှတ်တဲ့နေရာ ဖြစ်ပါတယ်။ ဓာတ်ပုံတွေထဲမှာ ကင်ဂျုံအန်းကို ဒုံးကျည်ပညာရှင် ကင်ဂျုံဆစ် အပါအဝင် တခြား ဗိုလ်ချုပ်ကြီးတွေနဲ့အတူ ယှဉ်ထိုင်နေတာကို မြင်တွေ့ရပါတယ်။ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းဟာ အဲဒီစစ်ဌာနချုပ်ကို သြဂုတ် ၁၄ ရက်နေ့က  သွားရောက်ခဲ့တာဖြစ်တယ်လို့ နိုင်ငံပိုင် ကေအာတီ သတင်းဌာနကို ကိုးကားပြီး ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
4 years Ago
Up