မြောက်ကိုရီးယားရဲ့ စစ်ရေးခြိမ်းခြောက်မှုတွေ မြင့်တက်နေချိန်မှာ အမေရိကန်နိုင်ငံပိုင် ဂူအမ်ကျွန်းမှာရှိတဲ့ လေတပ်အခြေစိုက်စခန်းကို သြဂုတ် ၁၇ ရက်က သတင်းမီဒီယာတွေကို ခေါ်ယူပြသခဲ့ပါတယ်။
သတင်းမီဒီယာတွေဟာ B-1B ဗုံးကြဲလေယာဉ် အန်ဒါဆင် အခြေစိုက်စခန်းကနေ ပျံတက်သွားတာကို တွေ့မြင်ခဲ့ကြပါတယ်။ ဒါပေမယ့် အဲဒီဗုံးကြဲလေယာဉ် ဘယ်ကိုပျံသန်းသွားတယ် ဆိုတာကိုတော့ အခြေစိုက်စခန်းက အသေးစိတ် ပြောကြားတာမျိုး မရှိပါဘူး။
မြောက်ကိုရီးယားက ဂူအမ်ကျွန်းကို ဒုံးကျည်တွေနဲ့ ပစ်ခတ်တိုက်ခိုက်မယ်လို့ အစောပိုင်းက ခြိမ်းခြောက်ပြောဆိုခဲ့ပေမယ့် သြဂုတ် ၁၅ ရက်က တိုက်ခိုက်မယ့်အစီအစဉ်ကို ဆိုင်းငံ့ထားပါတယ်။
အစီအစဉ် ဆိုင်းငံ့ထားချိန်မှာ အမေရိကန်ရဲ့ အခြေအနေကို စောင့်ကြည့်သွားမယ်လို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းက ဆုံးဖြတ်ခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
5 years Ago