ဂူနန်မီရာပီမီးတောင်

February 25, 2020

အင်ဒိုနီးရှားနိုင်ငံ ဂျာဗားကျွန်းရှိ ဂူနန်မီရာပီမီးတောင် ပေါက်ကွဲ

အင်ဒိုနီးရှားနိုင်ငံ ဂျာဗားကျွန်းရှိ  ဂူနန်မီရာပီမီးတောင်ဟာ ဖေဖော်ဝါရီ ၁၃ ရက်မှာ ချော်ရည်တွေနဲ့ ပြာရည်တွေ လွှင့်ထုတ်ခဲ့ပြီး ဒီဖြစ်ရပ်ကို  မိုင်အနည်းငယ်အကွာကနေတောင် မြင်တွေ့ရပါတယ်။ ဒီဖြစ်ရပ်ကို ရိုက်ကူးထားတဲ့ ဗီဒီယိုဖိုင်တွေအရ မီးတောင်ကနေ ထွက်ပေါ်လာတဲ့ ပြာမှုန်တွေဟာ ကောင်းကင်ပေါ်ကို ရောက်ရှိသွားပြီး ချော်ရည်တွေဟာလည်း မီးတောင်ရဲ့ ဘေးဘက်တွေကနေ  စီးကျလာခဲ့တာကို မြင်တွေ့ရပါတယ်။  ဒီမီးတောင်ဟာ အသက်ဝင်နေဆဲဖြစ်တဲ့ ဂူနန်မီရာပီမီးတောင်ဖြစ်ပြီး အင်ဒိုနီးရှားနိုင်ငံ ဂျာဗားအလယ်ပိုင်းမှာ တည်ရှိပါတယ်။  အင်ဒိုနီးရှားနိုင်ငံဟာ “Ring of Fire” လို့ခေါ်တဲ့ ဧရိယာအတွင်းမှာ တည်ရှိနေတာ‌‌ကြောင့် မီးတောင်ဆိုင်ရာလှုပ်ရှားမှုတွေ မကြာခဏဆိုသလို ပေါ်ပေါက်လေ့ရှိပါတယ်။  ဂျာဗားကျွန်းတခုလုံးနီးပါးဟာ မီးတောင်တွေနဲ့ ပတ်သက်ဆက်နွှယ်မှုရှိပြီး ကျွန်းပေါ်မှာလည်း အသက်ဝင်နေဆဲ မီးတောင်ပေါင်း ၄၀ ‌ ကျော် ရှိနေပါတယ်။
1 year Ago
Up