ဂူဂယ်လ်

January 22, 2021

သြစတြေးလျ search engine ကို ပိတ်ပစ်မည်ဟု ဂူဂယ်လ်ခြိမ်းခြောက် 

သတင်းအသုံးပြုခွင့်အတွက်   ဂူဂယ်လ်ကို အခကြေးငွေ တောင်းမယ်ဆိုရင်  သြစတြေးလျ သတင်းအချက်အလက်ရှာဖွေရေး  search engine ကို ပိတ်ပစ်မယ်လို့  ဂူဂယ်လ်က ခြိမ်းခြောက် ပြောဆိုလိုက်ပါတယ်။  ဂူဂယ်လ်ရဲ့ ခြိမ်းခြောက်မှုက ကမ္ဘာတအနှံ့ အနီးကပ် စောင့်ကြည့်နေတဲ့  News Corp တို့လို သတင်းမီဒီယာတွေနဲ့ ဖြစ်နေတဲ့ တိုက်ပွဲအရှိန်ကို ပိုမို မြင့်တက်လာစေပါတယ်။  သြစတြေးလျအစိုးရအနေနဲ့ ဥပဒေသစ် အသက်ဝင်အောင် လုပ်ပါက ဂူဂယ်လ်ကို သုံးနေတဲ့ သြစတြေးလျနိုင်ငံသား ၁၉ သန်းဟာ အဆင့်နိမ့်ကျတဲ့ သတင်းအချက်အလက်ရှာဖွေရေးနဲ့  YouTube အတွေ့အကြုံတွေကို ရင်ဆိုင်ရမယ်လို့  ဂူဂယ်လ်က သတိပေးခဲ့ပါတယ်။  ဝန်ကြီးချုပ် စကော့မော်ရစ်ဆင်က  ဂူဂယ်လ်ရဲ့ မှတ်ချက်စကားကို ပြစ်တင်လိုက်ပြီး  သြစတြေးလျမှာ လုပ်ကိုင်တဲ့ လုပ်ငန်းတွေအတွက်  သြစတြေးလျက စည်းမျဉ်းသတ်မှတ်တာ ဖြစ်တယ်လို့ တုံ့ပြန် ပြောဆိုခဲ့ပါတယ်။
9 months Ago
Up