ဂိုးပြတ်အနိုင်ဖြင့် ဇယားထိပ်ဆုံးရောက် လက်စတာစီးတီး (ရုပ်သံဟိုက်လိုက်)

December 6, 2015

ဂိုးပြတ်အနိုင်ဖြင့် ဇယားထိပ်ဆုံးရောက် လက်စတာစီးတီး (ရုပ်သံဟိုက်လိုက်)

ဒီဇင်ဘာ ၅ ရက်နေ့က ယှဉ်ပြိုင်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ လက်စတာအသင်းဟာ ဆွမ်ဆီးအသင်းကို ၃ ဂိုးပြတ်အနိုင်ရရှိပြီး ပရီးမီးယားလိဂ် အမှတ်ပေးဇယား ထိပ်ဆုံးကို တက်လှမ်းနိုင်ခဲ့ပါတယ်။ လက်စတာစီးတီးအသင်းဟာ အဝေးဂိုးမှာ သွားရောက်ယှဉ်ပြိုင်ကစားခဲ့ပေမယ့် ဂိုးပြတ်အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ လက်စတာအသင်းအတွက် အနိုင်ဂိုးတွေကိုတော့ ရိုင်ယတ် မက်ရက်ဇ်က ၅ မိနစ်၊ ၂၂ မိနစ်နဲ့ ၆၇ မိနစ်တွေမှာ တဦးတည်း ၃ ဂိုး သွင်းယူခဲ့တာဖြစ်ပါတယ်။ လက်စတာအသင်းဟာ ဒီပွဲအနိုင်ရရှိခဲ့တာကြောင့် ၁၅ ပွဲကစား ရမှတ် ၃၂ မှတ်နဲ့ အမှတ်ပေးဇယား အဆင့် ၁ မှာ ရပ်တည်နိုင်ခဲ့ပြီး ဆွမ်ဆီးအသင်းကတော့ ၁၅ ပွဲကစား ရမှတ် ၁၄ မှတ်နဲ့ အဆင့် ၁၅ မှာ ရပ်တည်နေပါတယ်။
6 years Ago
Up