ဂိုးပြတ်အနိုင်ရ (ရုပ်သံဟိုက်လိုက်)

September 24, 2017

ချဲလ်ဆီးက စတုတ်စီးတီးကို ၄ ဂိုးပြတ်အနိုင်ရ (ရုပ်သံဟိုက်လိုက်)

မနေ့ညက ယှဉ်ပြိုင်သွားတဲ့ ပရီးမီးယားလိဂ် ပွဲစဉ်တွေမှာပဲ လက်ရှိ ချန်ပီယံ ချဲလ်ဆီးအသင်းဟာ အဝေးကွင်းမှာ စတုတ်စီးတီးကို ၄ ဂိုးပြတ်နဲ့ အနိုင်ရသွားပါတယ်။ ချဲလ်ဆီးအတွက်တော့ အဝေးကွင်းမှာ ၃ ပွဲမြောက် အနိုင်ရတာပါ။ ဒီပွဲမှာ ချဲလ်ဆီးကပဲ ကစားကွက် အသာစီးယူပြီး ယှဉ်ပြိင်သွားပြီး အနိုင်ဂိုးတွေကို တိုက်စစ်မှူး မိုရာတာနဲ့ ပက်ဒရိုတို့က သွင်းယူပါတယ်။ တိုက်စစ်မှူး မိုရာတာအတွက် ဒီပွဲမှာ ဟက်ထရစ်ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ စပိန်တိုက်စစ်မှူး မိုရာတာအတွက် ၆ ဂိုးမြောက် ပရီးမီးယားလိဂ်ဂိုးကို သွင်းယူနိုင်တာ ဖြစ်ပါတယ်။ ဒီပွဲမှာ ကွင်းလယ်သမား ဟာဇက် မပါပေမယ့်လည်း ချဲလ်ဆီးအသင်း ခြေစွမ်းပြ ကစားနိုင်ခဲ့ပါတယ်။ ဒီပွဲအတွက် အကောင်းဆုံး ကစားသမားအဖြစ်ကိုလည်း ခြေစွမ်းပြနိုင်တဲ့ မိုရာတာက ရရှိသွားပါတယ်။ နိုင်ပွဲရတဲ့ ချဲလ်ဆီးက ၁၃ မှတ်နဲ့ အဆင့် ၃ မှာ ရပ်တည်နေပြီး စတုတ်စီးတီးကတော့ ၅ မှတ်နဲ့ အဆင့် ၁၅ မှာ ရှိနေပါတယ်။
4 years Ago
Up