မနေ့ညက ယှဉ်ပြိုင်သွားတဲ့ ဂျာမန်ဘွန်ဒတ်စ်လီဂါ ပွဲဦးထွက်မှာ ဒေါ့မွန်က ၀ုဗ်ဘတ်အသင်းကို ၃ ဂိုးပြတ်နဲ့ အနိုင်ရသွားပါတယ်။
ဒေါ့မွန်အတွက် ဦးဆောင်ဂိုးကို ပေါ်လစ်ဆစ်က သွင်းယူပါတယ်။ ဒီပွဲမှာ ကွင်းလယ်သမား ဒမ်ဘီလီ မပါပေမယ့်လည်း အသာစီး ယူနိုင်ခဲ့ပါတယ်။
ဒုတိယဂိုးကိုတော့ ဘာတရာက သွင်းယူပါတယ်။ ဒဏ်ရာကြောင့် ကာလကြာရှည် နားနေရတဲ့ ကွင်းလယ်သမား ဂေါ်ဇီလည်း ပြန်လည်ကစားနိုင်ခဲ့ပါတယ်။ ဒေါ့မွန်အတွက် အပိတ်ဂိုးကို မိနစ် ၆၀ မှာ တိုက်စစ်မှူး အဘာမီယန်းက သွင်းယူပါတယ်။
ဒေါ့မန်အသင်းဟာ နည်းပြသစ်နဲ့အတူ တာထွက်ကောင်းခဲ့ပြီး ၃ မှတ် ရသွားပါတယ်။
5 years Ago