ဂိုးအများဆုံးသွင်းထားသည့် တိုက်စစ်မှူး ဘာဒီကို လက်စတာ သက်တမ်းတိုး

A d v e r t i s e m e n t With Us

February 7, 2016

ဂိုးအများဆုံးသွင်းထားသည့် တိုက်စစ်မှူး ဘာဒီကို လက်စတာ သက်တမ်းတိုး

ပရီးမီးယားလိဂ်ကလပ် လက်စတာ စီးတီးအသင်းက တိုက်စစ်မှူး ဂျေမီ ဘာဒီကို ၃ နှစ်စာချုပ်နဲ့ သက်တမ်း တိုးလိုက်ပါတယ်။ အသက် ၂၉ နှစ်အရွယ် တိုက်စစ်မှူး ဗာဒီဟာ ဒီနှစ်ရာသီထဲမှာ ခြေစွမ်းပြပြီး လက်စတာ အသင်းကို အမှတ်ပေးဇယားထိပ်ရောက်အောင် အဓိကနေရာကနေ ကူညီထားပါတယ်။ သူဟာ ဒီနှစ်ရာသီထဲမှာ လက်ရှိအချိန်အထိ သွင်းဂိုးပေါင်း ၁၈ ဂိုးနဲ့ ဂိုးသွင်းအများဆုံးသူအဖြစ် ရပ်တည်နေပါတယ်။ လက်စတာက ဗာဒီကို တပတ်ကို လုပ်ခလစာ ပေါင် ၈ သောင်းပေးပြီး စာချုပ်ထားတာ ဖြစ်ပါတယ်။ ဒီအသင်းအတွက် အောင်မြင်အောင် စွမ်းဆောင်ပေးထားနိုင်လို့ ပျော်ရွှင်ရပြီး ကာလာကြာရှည် အသင်းမှာဆက်ပြီး ရှိနေစေချင်တယ်လို့ အင်္ဂလန် တိုက်စစ်မှူး ဗာဒီက ပြောပါတယ်။ သူဟာ ပထမတန်းကလပ် Fleetwood ကနေ ၂၀၁၂ မှာ လက်စတာကို ပေါင် ၁ သန်းနဲ့ ရောက်ရှိလာသူ ဖြစ်ပါတယ်။ ဗာဒီဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာကလတုန်းကလည်း ပရီးမီးယားလိဂ် ၁၁ ပွဲဆက်တိုက်ကို ပထမဆုံး ဂိုးသွင်းနိုင်တဲ့သူအဖြစ်လည်း စံချိန်တင်ထားပါတယ်။
5 years Ago
Up