ဂိုးမိုးရွာခဲ့သည့် ရီးရဲလ်နှင့် ဘာစီလိုနာ (ရုပ်သံဟိုက်လိုက်)

January 10, 2016

ဂိုးမိုးရွာခဲ့သည့် ရီးရဲလ်နှင့် ဘာစီလိုနာ (ရုပ်သံဟိုက်လိုက်)

ဒီဇင်ဘာ ၉ ရက်နေ့ညက ယှဉ်ပြိုင်သွားတဲ့ စပိန်လာလီဂါ ပွဲစဉ်မှာ ရီရဲလ်မက်ဒရစ်က ဒီဗို့တီဗိုကို ၅ ဂိုးပြတ်နဲ့ အနိုင်ရသွားပါတယ်။ နည်းပြသစ် ဇီဒန်းရဲ့ လက်ထက်မှာ ပထမဦးဆုံး နိုင်ပွဲ စရတာ ဖြစ်ပါတယ်။ ဒီပွဲမှာ တိုက်စစ်မှူး ဂါရတ် ဘေးလ် ခြေစွမ်းပြနိုင်လို့ ဟက်ထရစ်ဂိုးလည်း သွင်းယူနိုင်ခဲ့ပါတယ်။ ကျန်တဲ့ ၂ ဂိုးကိုတော့ တိုက်စစ်မှူး ဘန်ဇီမာက သွင်းယူပါတယ်။ ပြင်သစ် တိုက်စစ်မှူး ဘန်ဇီမာအတွက်တော့ ရီရဲလ်အတွက် သွင်းဂိုး ၁၀၀ ပြည့်ခဲ့ပါတယ်။ ဒီပွဲမှာ နည်းပြ ဇီဒန်းရဲ့ လူထုတ်ပုံဟာ အရင် နည်းပြ လက်ထက်အတိုင်း အပြောင်းအလဲ မရှိဘဲ အသုံးပြုသွားပါတယ်။ ရီရဲလ်မက်ဒရစ် ဂိုးပြတ်နဲ့ အနိုင်ရသလိုပဲ ဘာစီလိုနာလည်း ဂရန်နာဒါကို ၄ ဂိုးပြတ်နဲ့ အနိုင်ရခဲ့ပါတယ်။ ဒီပွဲမှာ တိုက်စစ်မှူး လီယွန်နယ် မက်ဆီ ဟက်ထရစ်ဂိုး သွင်းယူပြီး တိုက်စစ်မှူး နေမာက တဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ မက်ဆီဟာ နောက်ဆုံး ကစားတဲ့ ၇ ပွဲမှာ ၉ ဂိုးမြောက် သွင်းယူနိုင်တာ ဖြစ်ပါတယ်။ နိုင်ပွဲဆက်တဲ့ ဘာစီလိုနာက လာလီဂါ အမှတ်ပေးဇယားမှာ ၄၂ မှတ်နဲ့ ဦးဆောင်နေပြီး တတိယနေရာက တပွဲလျော့ ရီရဲလ်မက်ဒရစ်ကို ၂ မှတ် ဖြတ်ထားနိုင်လိုက်ပါတယ်။
7 years Ago
Up