ဂိုဏ်းဖွဲ့

April 17, 2018

အမေရိကန် အကျဉ်းထောင်တွင် ဂိုဏ်းဖွဲ့အငြင်းပွားရာမှ အဓိကရုဏ်းဖြစ်၊ ၇ ဦး သေဆုံး

အမေရိကန်ပြည်ထောင်စု တောင်ကယ်ရိုလိုင်းနားပြည်နယ် အကျည်းထောင်တခုမှာ ဂိုဏ်းဖွဲ့အငြင်းပွားမှုကနေ အဓိကရုဏ်းဖြစ်ခဲ့တာကြောင့် အကျည်းသား ၇ ဦး သေဆုံးခဲ့ပါတယ်။ သေဆုံးမှုဟာ ၂၅ နှစ်အတွင်း အသေအပျောက် အများဆုံး အကျည်းထောင် အဓိကရုဏ်းဖြစ်တယ်လို့ တာဝန်ရှိသူတွေက ဧပြီ ၁၆ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။ ၈ နာရီကြာ ဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်းအတွင်း နောက်ထပ် လူ ၁၇ ဦး ဒဏ်ရာရခဲ့တယ်လို့ ပြည်နယ်အကျည်းထောင် ညွှန်မှူး ဘရိုင်ယန် စတာလင်က ပြောကြားပါတယ်။ အဲဒီ အဓိကရုဏ်းဟာ  ဧပြီ ၁၅ ရက်နေ့ညက ဘိရှော့ဗေးလ်မြို့ရှိ “လီ” စာရိတ္တပြုပြင်ရေး စခန်းမှာ ဖြစ်ပွားခဲ့ပြီး အဓိကရုဏ်း ဖြစ်ပွားနေစဉ်အတွင်း အစောင့် ၄၄ ဦး ရှိတယ်လို့ သိရပါတယ်။ အဲဒီ အကျည်းထောင်မှာ အကျည်းသား ၁,၅၈၃ ဦး ရှိတယ်လို့ ရိုက်တာ သတင်းအရ သိရပါတယ်။
3 years Ago
Up