ဂုဏ်သိက္ခာ

April 9, 2021

ဆန္ဒပြပြည်သူများ၏ သတ္တိနှင့်ဂုဏ်သိက္ခာကို လေးစားကြောင်း သံအမတ်ကြီးများ ပူးတွဲကြေညာ

လွတ်လပ်သော၊ တရားမျှတသော၊ ငြိမ်းချမ်းသော ဒီမိုကရက်တစ်မြန်မာနိုင်ငံတော်ကို ယုံကြည်သူအားလုံးရဲ့ မျှော်လင့်ချက်၊ ယုံကြည်မှုတွေကို ထောက်ပံ့ကူညီဖို့ အတူတကွရပ်တည် ကြောင်း မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးတွေက ပူးတွဲကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။

ဩစတြေးလျ၊ ကနေဒါ၊ ဥရောပသမဂ္ဂနဲ့ မြန်မာနိုင်ငံအခြေစိုက် ဥရောပသမဂ္ဂအဖွဲ့၀င်နိုင်ငံ တွေ ဖြစ်ကြတဲ့ ချက်သမ္မတနိုင်ငံ၊ ဒိန်းမတ်၊ ဖင်လန်၊ ပြင်သစ်၊ ဂျာမဏီ၊ အီတလီ၊ နယ်သာလန်၊ စပိန်၊ ဆွီဒင်၊ နယူးဇီလန်၊ ‌နော်‌ဝေး၊ ကိုရီးယားသမ္မတနိုင်ငံ၊ ဆွစ်ဇာလန်၊ ယူနိုက်တက်ကင်းဒမ်၊ အမေရိကန်ပြည်ထောင်စုတို့က မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးတွေက လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်တာလည်း ဖြစ်ပါတယ်။

ဒီမိုကရက်တစ်အခွင့်အရေး၊ လွတ်လပ်မှုတွေအတွက် ဆန္ဒပြရင်း ကလေးငယ်တွေအပါဝင် အများအပြား အသတ်ခံခဲ့ရသလို လူပေါင်း‌ထောင်ချီပြီး ဒဏ်ရာရကြတာ အဖမ်းခံရတာတွေရှိကြောင်း သူတို့ရဲ့ သတ္တိနဲ့ဂုဏ်သိက္ခာတို့ကို ကျွန်ုလေးစားရိုကျိုးမိတယ်လို့ ဖော်ပြထားပါတယ်။

စစ်ကောင်စီအနေနဲ့  အကြမ်းဖက်မှုတွေရပ်ကို ရပ်တန့်ဖို့ နိုင်ငံရေးအရ ဖမ်းဆီးခံထားရသူ အားလုံးကို ပြန်လွှတ်ရဖို့ ဒီမိုကရေစီ ကို ပြန်လည်ဖော်ဆောင်ဖို့ကိုလည်း တောင်းဆိုထားပါတယ်။

8 months Ago

December 24, 2019

စူပါဆန်းဒေးညတွင် ရလဒ်ရော ဂုဏ်သိက္ခာပိုင်းပါ ရှုံးနိမ့်ခဲ့သည့် စပါးအသင်း

ချဲလ်ဆီးအသင်းကို အိမ်ကွင်း တော့တင်ဟမ်ကွင်းမှာ  ၂ ဂိုးပြတ် အရေးနိမ့်ခဲ့တဲ့ စပါးအသင်းအတွက် ပြီးခဲ့တဲ့ စူပါဆန်းဒေးညဟာ အရုပ်ဆိုးအကျည်းတန်ပြီး ရှက်ဖွယ်အလိလိနဲ့ ညတည ဖြစ်ခဲ့တယ်လို့ အင်္ဂလိပ်မီဒီယာတွေက ဖော်ပြနေကြပါတယ်။ ဝီလျံရဲ့ သွင်းဂိုး နှစ်ဂိုးနဲ့ တချိန်က ကစားသမားဖြစ်ခဲ့တဲ့ လမ်းပတ် ကိုင်တွယ်နေတဲ့ ချဲလ်ဆီးအသင်းက မော်ရင်ဟိုရဲ့ စပါးကို ခြေစွမ်းအသာ ဂိုးအသာနဲ့ အနိုင်ရရှိခဲ့တာလည်း ဖြစ်ပါတယ်။  ဒီပွဲမှာတော့ အိမ်ရှင် စပါးတို့အနေနဲ့ ရလဒ်ပိုင်း ရှုံးနိမ့်ရုံမကပဲ ဂုဏ်သိက္ခာပိုင်းမှာလည်း များစွာ ထိခိုက်သွားခဲ့ပါတယ်။  စပါး ပရိသတ်တွေဟာ ချဲလ်ဆီးအသင်းရဲ့ လူမည်းကစားသမားတွေကို အသားရောင် ခွဲခြားတဲ့သီချင်းတွေ သီဆိုခဲ့တာကြောင့် နောက်ခံလူ တိုနီရူဒီဂါကိုယ်တိုင် ပွဲချိန် ၆၃ မိနစ်မှာ မျောက်ပုံစံအမူအရာနဲ့ ခွဲခြားတဲ့ စပါးပရိသတ်တွေကို တုံ့ပြန်ခဲ့ပါတယ်။ ရူဒီဂါဟာ တွစ်တာစာမျက်နှာကနေ ဇူမာ၊ တိုမိုရီနဲ့အတူ အောင်ပွဲခံနေတဲ့ ဓာတ်ပုံကို တင်ခဲ့ပြီး အသားအရောင် မခွဲခြားဖို့၊ အခြေခံပညာရှိကြဖို့နဲ့ ခွဲခြားသူတွေကို မောင်းထုတ်ပစ်ဖို့ စတဲ့ စာသားတွေနဲ့အတူ ပေးဂိုးမရှိဆိုပြီး ဆန္ဒထုတ်ဖော် ရေးသားခဲ့ပါတယ်။ အနိုင်ဂိုး ၂ ဂိုး သွင်းယူခဲ့တဲ့ ဝီလျံကလည်း ရူဒီဂါဘက်က အမြဲရှိကြောင်း အားပေးခဲ့သလို နည်းပြ လမ်းပတ်ကတော့  ဒီလို ခွဲခြားမှုတွေကြောင့် အသင်းသားတွေကွင်းထဲက ထွက်သွားခဲ့ရင် သူကိုယ်တိုင် လိုက်ထွက်မယ်ဆိုတာ ရာနှုန်းပြည့် သေချာတယ်လို့ ပြောကြားခဲ့ပါတယ်။  စပါးစ်နည်းပြ မော်ရင်ဟိုကလည်း ဘောလုံးမှာ ခွဲခြားတာကို မုန်းသလို လူ့အသိုင်းအဝိုင်းထဲမှာ ခွဲခြားဆက်ဆံမှုရှိရင် မုန်းတီးကြောင်း အခုလိုဖြစ်ရပ်နဲ့ ပတ်သက်လို့လည်း စိတ်အတော်ပျက်မိတယ်လို့ ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောကြားသွားခဲ့ပါတယ်။  အဲဒီပွဲမှာတော့ အသားအရောင် ခွဲခြားမှုတွေအပြင် ချဲလ်ဆီးဂိုးသမား အရီဇာဘာလာဂါကိုလည်း စပါး ပရိသတ်တွေက ရေသန့်ဘူးနဲ့ ပစ်ပေါက်ခဲ့တဲ့ ဖြစ်ရပ်လည်း ရှိခဲ့ပါတယ်။  အက်ဖ်အေဘက်ကတော့ အင်္ဂလိပ်ဘောလုံးအသိုင်းအဝိုင်းမှာ အသားအရောင် ခွဲခြားမှုပြဿနာတွေ ဆက်တိုက်ဖြစ်လာတာကြောင့် ဘယ်လို အရေးယူမယ်ဆိုတာကို အဆင့်ဆင့် ညှိနှိုင်းဆုံးဖြတ်ရမှာ ဖြစ်ကြောင်း တရားဝင် စာထုတ်ပြန်ထားပေမယ့် ဘောလုံးအသိုင်းအဝိုင်းကတော့ ပွဲကစားချိန်အတွင်းမှာတင် ချက်ချင်း အရေးယူမှု လုပ်မယ့် စည်းမျဉ်းတခု ချမှတ်စေချင်နေကြပါတယ်။
2 years Ago
Up