ဂုဏ်ပြုပွဲ

A d v e r t i s e m e n t With Us

December 14, 2019

အိုင်အက်စ်လက်ချက်ကြောင့် ကျဆုံးခဲ့ရသည့် နိုင်ဂျာစစ်သား  ၇၁ ဦးအား ဂုဏ်ပြု

အနောက်အာဖရိက အိုင်အက်စ်အဖွဲ့ လက်ချက်ကြောင့် ကျဆုံးခဲ့ရတဲ့ နိုင်ဂျာစစ်သား  ၇၁ ယောက် ဂုဏ်ပြုပွဲအခမ်းအနားကို ဒီဇင်ဘာ ၁၃ ရက်က မြို့တော်နိုင်ရာမီ လေတပ်အခြေစိုက်စခန်းတခုမှာ ပြုလုပ်ခဲ့ပါတယ်။ ဒီဇင်ဘာ ၁၀ ရက်က မာလီနယ်စပ် အင်းနိတ်ရွာရှိ နိုင်ဂျာစစ်အခြေစိုက်စခန်းကို   အိုင်အက်စ်အဖွဲ့က ၃ နာရီကြာ တိုက်ခိုက်ခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုမှာ စစ်သား ၁၂ ယောက်လည်း ဒဏ်ရာရပြီး အယောက် ၃၀ ကျော် ပျောက်ဆုံးနေဆဲ ဖြစ်တယ်လို့ လုံခြုံရေး သတင်းရင်းမြစ်တွေက ဆိုပါတယ်။     နိုင်ဂျာစစ်တပ်အပေါ် ပြုလုပ်တဲ့ ဒီတိုက်ခိုက်မှုဟာ လူအသေအပျောက် အများဆုံး ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ မေလနဲ့ ဧပြီလတုန်းကလည်း အဲဒီနေရာမှာ အိုင်အက်စ်အဖွဲ့ခွဲတခု လက်ချက်နဲ့ နိုက်ဂျာစစ်သား အယောက် ၅၀ နီးပါး သေဆုံးခဲ့ပါတယ်။ အခမ်းအနားကို တက်ရောက်တဲ့ နိုင်ဂျာသမ္မတ အစ်ဆိုဖူကလည်း   နိုင်ဂျာစစ်တပ်စွမ်းရည်ကို မြှင့်တင်သွားမယ်လို့ ပြောခဲ့ပါတယ်။ ဒီနှစ်အတွင်း အာဖရိက ဆာဟယ်ဒေသမှာ ဂျီဟတ်တိုက်ခိုက်မှုတွေနဲ့  မျိုးနွယ်စု နှစ်ခုအကြား အသေအကျေ လက်တုံ့ပြန်မှုတွေကြောင့် လုံခြုံရေးအခြေအနေ ဆိုးရွားလာနေတယ်လို့ ရိုက်တာသတင်းက ဆိုပါတယ်။
1 year Ago
Up