အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့က ပြည်ထောင်စုရင်ပြင်မှာ သူနာပြုတွေနဲ့ ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာ ဝန်ထမ်းတွေ ဇွန် ၂ ရက်က စုရုံးခဲ့ပြီး ရဲတွေရဲ့ ရက်စက်မှု အဆုံးသတ်ရေး ဆော်သြ ချီတက်နေတဲ့ ဆန္ဒပြသူတွေကို ဂုဏ်ပြုတဲ့အနေနဲ့ ဒူးထောက် ထောက်ခံခဲ့ကြပါတယ်။
လူမည်းတွေရဲ့ အသက်လည်း အရေးပါတယ်လို့ ကြွေးကြော်နေတဲ့ ရာနဲ့ချီတဲ့ ဆန္ဒပြသူတွေနဲ့ သူနာပြုတွေက ပူးပေါင်းခဲ့တာပါ။
အဲဒီနောက် အုပ်စုနှစ်စုက လူတွေအချင်းချင်း ကျေးဇူးတင်ကြောင်း ပြောပြီး ကောင်းချီးပေးခဲ့ကြပါတယ်။
အမေရိကန်မှာ လက်နက်မဲ့ လူမည်းအမျိုးသားရဲ့ လည်ပင်းကို လူဖြူ ရဲအရာရှိက ဒူးနဲ့ ၉ မိနစ် ထောက်ထားခဲ့လို့ သေဆုံးခဲ့တဲ့အတွက် ပြည်လုံးကျွတ် ဆန္ဒပြပွဲတွေ ဖြစ်နေတာပါ။
ရဲအရာရှိကို တတိယအဆင့် လူသတ်မှုနဲ့ ဒုတိယအဆင့် လူသေစေမှုတွေနဲ့ တရားစွဲ အရေးယူထားပါတယ် ဒီအမှုကြောင့် အာဖရိကန်နွယ်ဖွား အမေရိကန် နိုင်ငံသားတွေအပေါ် ရဲတွေက အင်အားအလွန်အကျွံသုံးမှုနဲ့ ပတ်သက်ပြီး ဒေါသအိုး ပေါက်ကွဲခဲ့ကြပါတယ်။
လူမျိုးရေး၊ နိုင်ငံရေး ခွဲခြားဖိနှိပ်မှုကို ကန့်ကွက်တဲ့အနေနဲ့ အမေရိကန်နိုင်ငံအနှံ့ ပြည်လုံးကျွတ် ဆန္ဒပြပွဲတွေ ပေါ်ပေါက်ခဲ့ပြီး လူထောင်သောင်းချီ ပါဝင်ခဲ့ပါတယ်။
9 months Ago