ဂုဏ်ပြုချီးမြှင့်

A d v e r t i s e m e n t With Us

December 31, 2020

မောင်သစ်လွင် (လူထု)ကို တစ်သက်တာသတင်းစာဆရာဆု  ဂုဏ်ပြုချီးမြှင့် 

ဝါရင့်သတင်းစာဆရာကြီး မောင်သစ်လွင် (လူထု)ကို    မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီက ၂၀၁၉ -၂၀၂၀ ခုနှစ်အတွက် တစ်သက်တာ သတင်းစာဆရာဆု   ဂုဏ်ပြုချီးမြှင့်လိုက်ပါတယ်။  အခုနှစ်အတွက် အကောင်းဆုံး သတင်းဆောင်းပါးဆုကိုတော့  ကျော်ဇေယျ (မော်ကွန်းမဂ္ဂဇင်း)က ရရှိပြီး အကောင်းဆုံး ရုပ်/သံ သတင်းဆောင်းပါးဆုကိုလည်း  မော်ကွန်းသတင်းအဖွဲ့က ရရှိသွားပါတယ်။ ဆုပေးပွဲ အခမ်းအနားကိုတော့ ဒီဇင်ဘာ ၃၀  ရက်နေ့က သတင်းမီဒီယာကောင်စီရုံးခန်းမှာ ကျင်းပခဲ့ပြီး ကောင်စီယာယီဥက္ကဋ္ဌ ဒေါက်တာမျိုးသန့်တင်အပါအဝင် တာဝန်ရှိသူတွေက  ဆုရရှိသူတွေကို  တစ်ဦးချင်း ဆုချီးမြှင့်ခဲ့ပါတယ်။ 
2 months Ago
Up