ဂုဏ်ထူးဆောင်ပါမောက္ခ

November 5, 2020

မြန်မာကာချုပ်ကို ရုရှားစစ်တက္ကသိုလ်က ဂုဏ်ထူးဆောင်ပါမောက္ခအဖြစ် ဂုဏ်ပြုချီးမြှင့် 

မြန်မာတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ရှရှားနိုင်ငံက ဘွဲ့တံဆိပ်နဲ့ ဆုတံဆိပ် ၃ မျိုး ဂုဏ်ပြုပေးအပ်ချီးမြှင့်လိုက်တယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ မြန်မာ့တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို ရုရှားနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန၊ စစ်ဘက်ဆိုင်ရာတက္ကသိုလ်က “ဂုဏ်ထူးဆောင်ပါမောက္ခ” Honorary Professor of the Russian Military University အဖြစ်ဂုဏ်ပြုချီးမြင့်ခဲ့ပြီး၊ Institute of Oriental Studies, Russian Academy of Science က “ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့” Honoris Causa(Honorable Doctor) ချီးမြှင့်ခဲ့သလို  ရုရှားစစ်ဘက်နည်းပညာပူးပေါင်းဆောင်ရွက်ရေးဖက်ဒရယ်အဖွဲ့ Ferderal Service for Military Technical  Cooperation(FSMTC)ကလည်း ဂုဏ်ထူးဆောင်တံဆိပ် ပေးအပ်ချီးမြင့်ခဲ့တာလို့ ဆိုပါတယ်။ နိုဝင်ဘာလ ၃ ရက်နေ့က  ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ရုရှား ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး  Sergey Kuzhugetovich Shoigu တို့ အွန်လိုင်းကနေ တွေ့ဆုံဆွေးနွေးစဉ် ဂုဏ်ထူးဆောင်တံဆိပ်တွေ ပေးအပ်ကြောင်း  အသိပေးပြောကြားခဲ့တာလို့ တပ်မတော် သတင်းအရသိရပါတယ်။ ဓာတ်ပုံ-DSINFO 
2 years Ago
Up