ဂုဏ်ပြုအလေးပြု

July 19, 2017

အာဇာနည်နေ့ အခမ်းအနားရေးမြို့၌ ဂုဏ်ပြုအလေးပြု

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အာဇာနည်ဗိမာန်မှာ နှစ် ၇၀ ပြည့်အာဇာနည်နေ့ အခမ်းအနားကို ဒီနေ့ မနက် ၈ နာရီက ဂုဏ်ပြုတပ်ဖွဲ့ဝင်တွေနဲ့အတူ ချီတက်အလေးပြုခဲ့ကြတယ်လို့ သိရပါတယ်။ ဂုဏ်ပြုတပ်ဖွဲ့ဝင်များဦး ဆောင်မှုနဲ့ အတူကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီး တွေကို အလေးပြုကြပြီး ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် နိုင်ငံတော်အလံကို တ၀က်လွှင့်ထူပြီး ၁ မိနစ်ငြိမ်သက်ကာ အလေးပြုခဲ့ကြပါတယ်။ အာဇာနည်ခေါင်းဆောင်ကြီးတွေကို ရေးမြို့နယ်လွှတ်တော်ကိုယ်စားလှယ်တွေ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ မြို့နယ်အဆင့် ဌာနဆိုင်ရာများ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ လူမှုရေးအသင်းအဖွဲ့၊ ပါတီဝင်၊ ကျောင်းသားကျောင်းသူတွေနဲ့ ပြည်သူလူထုတို့က ဝမ်းနည်းခြင်း လွမ်းသူ့ပန်းခွေတွေနဲ့အတူ ဂုဏ်ပြု ဂါရဝပြုခဲ့ကြပါတယ်။ နေမျိုးထွဋ်(ရေး)
5 years Ago
Up