ဂုဏ်ပြုသဝဏ်လွှာ ဖလှယ်

July 21, 2018

နှစ် ၆၀ ပြည့် တရုတ်-ကမ္ဘောဒီးယား သံတမန်ဆက်ဆံရေး ဂုဏ်ပြုသဝဏ်လွှာ ဖလှယ်

တရုတ် ကမ္ဘောဒီးယား သံတမန်ဆက်ဆံရေး နှစ် ၆ဝ ပြည့် အထိမ်းအမှတ်အတွက် တရုတ်သမ္မတ ရှီကျင့်ဖျင်ဟာ ကမ္ဘောဒီးယားဘုရင် နိုရိုဒွန် စီဟာမိုနီနဲ့ အပြန်အလှန် ဂုဏ်ပြုသဝဏ်လွှာ ဖလှယ်လိုက်ပါတယ်။ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး စည်းမျဉ်း ၅ ရပ်အပေါ် အခြေတည်ပြီး တရုတ် ကမ္ဘောဒီးယား ချစ်ကြည်ရေးကို တည်ဆောက်ထားတယ်၊ အချိန်နဲ့ ကမ္ဘာ့အခင်းအကျင်း အပြောင်းအလဲရဲ့ စမ်းသပ်မှုကို ကြံ့ကြံ့ခံရပ်တည်ပြီး ပိုအားကောင်းလာတယ်လို့ ရှီက ပြောပါတယ်။ ဘုရင် စီဟာမိုနီကတော့ ကမ္ဘောဒီးယားဟာ တရုတ်တနိုင်ငံတည်း မူဝါဒကို ခိုင်ခိုင်မြဲမြဲ လက်ခံတယ်၊ ကမ္ဘောဒီးယားရဲ့ နိုင်ငံတွင်း အခြေအနေနဲ့ ကိုက်ညီတဲ့ ဖွံ့ဖြိုးရေးလမ်းကြောင်းကို ရွေးချယ်ရာမှာ တရုတ်က ကမ္ဘောဒီးယားနိုင်ငံကို အပြည့်အဝ ထောက်ခံနေတယ်လို့ သဝဏ်လွှာကို ကိုးကားပြီး တရုတ်အစိုးရမီဒီယာ စီစီတီဗီက အစီရင်ခံပါတယ်။ နှစ်နိုင်ငံ တန်းတူလုပ်ကိုင်မှုဟာ ဘုံအကျိုးစီးပွားကို သာမက ဒေသတွင်းနဲ့ ကမ္ဘာ့ တည်ငြိမ်ရေး ငြိမ်းချမ်းကြွယ်ဝရေးကို ထည့်ဝင်နေတယ်လို့လည်း ဘုရင်စီဟာမိုနီက ရေးပါတယ်။ ကြာသပတေးနေ့မှာပဲ တရုတ်ဝန်ကြီးချုပ် လီခါ့ချိန်ဟာ ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်နဲ့ ဂုဏ်ပြုသဝဏ်လွှာချင်း လဲလှယ်ခဲ့ပါတယ်။ တရုတ်ဟာ ကမ္ဘောဒီးယားရဲ့ အကြီးဆုံး ရင်းနှီးမြှုပ်နှံသူ ဖြစ်သလို ထိပ်တန်းကမ္ဘာလှည့် ခရီးသည် ရင်းမြစ်လည်း ဖြစ်တယ်လို့ဟွန်ဆန်က သဝဏ်လွှာထဲမှာ ပြောခဲ့ပါတယ်။
5 years Ago
Up