ကမ္ဘာ့အပျော်တမ်း စစ်တုရင် ချန်ပီယံ ကိုဝင်းထွန်းကို ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ် Hi ROCK Chess club က ဂုဏ်ပြုပွဲကို ဧပြီလ ၂၃ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။
Hi ROCK Chess club ရဲ့ အသင်းသားတဦးဖြစ်တဲ့ ကိုဝင်းထွန်းကို Hi ROCK Chess club မှာ ပြန်လည်ဂုဏ်ပြုတာလည်း ဖြစ်ပါတယ်။
ကိုဝင်းထွန်းကို မြန်မာနိုင်ငံစစ်တုရင်အဖွဲ့ချုပ်နဲ့ ကုမ္ပဏီ တခုတို့ကလည်း ထပ်မံဂုဏ်ပြုဖို့ ရှိတယ်လို့ သိရပါတယ်။
ကိုဝင်းထွန်းဟာ အီတလီနိုင်ငံ စပိုလက်တိုမြို့မှာ ဧပြီ ၁ ရက်နေ့ကနေ ၈ ရက်နေ့အထိ နိုင်ငံပေါင်း ၂၇ နိုင်ငံ၊ ကစားသမား ၆၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်တဲ့ ကမ္ဘာ့ အပျော်တမ်း စစ်တုရင်ပြိုင်ပွဲမှာ ကမ္ဘာ့ချန်ပီယံဆုကို ရခဲ့တာ ဖြစ်ပါတယ်။
4 years Ago