ဂုဏ်ရည်အေးကျော်

April 9, 2016

ကိုယ်လုပ်နေတဲ့အလုပ်ကို ကိုယ်တန်ဖိုးထားဖို့ပဲ လိုတယ် - ဂုဏ်ရည်အေးကျော်

ပရိသတ်တွေ အထင်အမြင်မှာ ကိုယ်သည် သူတို့အတွက် ပညာရစရာ၊ တခုခုပေးစရာဖြစ်နေဖို့ ဆိုရင်တော့ ကိုယ်ကိုယ်တိုင် စာတွေလည်းဖတ်ဖို့လိုတယ်၊ သိနေဖို့လိုတယ်။ ကိုယ်လုပ်နေတဲ့ အလုပ်ပေါ်မှာ ကိုယ်တန်ဖိုးထားစွာနဲ့ အဲဒီအပေါ်မှာ ကြိုးစားနေဖို့လိုတယ်လို့ အလှမယ် ဂုဏ်ရည်အေးကျော်က ပြောပါတယ်။ နိုင်ငံကိုယ်စားပြု အလှမယ်တယောက် ဖြစ်လာဖို့၊ ဘာတွေလုပ်သင့်တယ်၊ ဘာတွေ ပြင်ဆင်သင့်တယ်၊ ဘာတွေ စောင့်ထိန်း လိုက်နာသင့်တယ် ဆိုတာတွေနဲ့ ပတ်သက်ပြီး ဂုဏ်ရည်အေးကျော်ကို ဒီဗွီဘီက တွေ့ဆုံမေးမြန်းထားပါတယ်။ ညီမလေး အနုပညာလောကထဲ စပြီးရောက်ရှိခဲ့ပုံလေး အရင်ပြောပြပေးပါလား။ "ဂုဏ်ရည်က အနုပညာလောကထဲကို မစ္စ (Miss) ပွဲတွေနဲ့ပဲ ရောက်လာတာပါ။ အဲဒီတုန်းကတော့ မစ္စမြန်မာပွဲတွေ မဟုတ်ဘဲနဲ့ မစ္စလပြည့်ဝန်းတို့ မစ္စပီးပဲလ်တို့ မစ္စ အိုရာမင်း-အက်ဖ်တို့ အဲဒါမျိုးတွေနဲ့ ရောက်လာတာဆိုတော့ ပြိုင်ပွဲတွေကနေ တဆင့် တဖြည်းဖြည်းနဲ့ လူသိလာတယ်။ ၂၀၁၃ မှာကျတော့ မစ္စမြန်မာအင်တာနေရှင်နယ်ဆုကို ရလိုက်တယ်။ အဲဒီမှာတော့ အကုန်လုံး တော်တော်များများ သိသွားကြတာပေါ့။ ပြီးတော့ ဂျပန်မှာ သွားပြိုင်တယ်။ ပရိသတ်တွေရဲ့ အသည်းကြားက မဲတပြားပေါ့နော်။ မစ္စအင်တာနက်ဆုတို့ People Choice Award တို့ ရလာတယ်။ အဲဒီကနေမှတဆင့် တီချယ်တင်မိုးလွင်ရဲ့ လက်တွဲခေါ်မှု၊ အဖွဲ့အစည်းတွေက လူကြီးတွေရဲ့ ပံ့ပိုးပေးမှု၊ ဂုဏ်ရည်ကိုယ်တိုင်ရဲ့ ကြိုးစားမှုကြောင့်နဲ့ အခုဆိုရင် Presenter တယောက်အနေနဲ့ ရပ်တည်နေပါပြီ။ အခုလိုမျိုး Talk Show တွေပေါ့နော်။ အခု DVB မှာ၊ ပြီးရင် Channel 7 တို့ မြ၀တီတို့မှာလည်း ဂုဏ်ရည်ပြောတဲ့ Talk Show တွေရှိတယ်။ အဲဒါတွေနဲ့လည်း စကားပြောဖြစ်နေတယ်ပေါ့နော်။ အဲဒါနဲ့ ဆက်စပ်တဲ့ အလုပ်တွေ လုပ်ဖြစ်တယ်။ ကုမ္ပဏီအချို့က အခုနောက်ပိုင်းဆိုရင် စကားပြောရင်းနဲ့ပဲ သူတို့ကုမ္ပဏီက ၀န်ထမ်းတွေကို လေ့ကျင့်ပေးဖို့ပေါ့နော်။ Personality ပိုင်းဖြစ်ဖြစ်၊ Motivation ပိုင်းမှာ အလုပ်ပိုကြိုးစားချင်လာအောင် ပြောပေးဖို့တို့၊ တဖြည်းဖြည်းနဲ့ ၀န်ထမ်းတွေကို လှပသပ်ရပ်အောင်၊ လမ်းလျှောက်တတ်အောင်၊ နေတတ်ထိုင်တတ်အောင် သင်တန်းလေးတွေပေါ့ အဲဒါလေးတွေကို ဂုဏ်ရည် အခု လေ့ကျင့်သင်ကြားပေးနေတယ်။ အခုကတော့ အဲဒါတွေ လုပ်နေတယ်။ ကျန်တာကတော့ Miss Myanmar တယောက် မဖြစ်ခင်ကတည်းက ဂုဏ်ရည်အမေက တရားလွှတ်တော်ရှေ့နေဆိုတော့ Law Firm ရှိတယ်။ အဲဒီမှာ မာမီ့ကို ကူလုပ်ပေးရင်းနဲ့ စာချုပ်စာတမ်းအပြင် အိမ်ခြံမြေပိုင်ဆိုင်မှုတွေဘာတွေ လုပ်ပေးရင်းနဲ့ Property အေးဂျင့်တယောက်အနေနဲ့ ဟိုးအရင်ကတည်းက ရပ်တည်ခဲ့တာ။ အခုလည်း ဒါကို ကြိုးကြားကြိုးကြား ဆက်ပြီးလုပ်ဖြစ်နေပါတယ်။" ဟုတ်ကဲ့ပါ။ ဒါကတော့ ဂုဏ်ရည် အရင်တုန်းက ဖြတ်သန်းခဲ့တဲ့ အနုပညာလှုပ်ရှားမှုနဲ့ လက်ရှိလုပ်နေတဲ့ ဟာတွေပေါ့နော်။ ညီမတို့ခေတ်က မစ္စပြိုင်ပွဲတွေနဲ့ အခုခေတ်ပြိုင်ပွဲတွေ ကွာခြားမှုတွေရှိလား၊ အဲဒါလေးပြောပြပေးပါဦး။ "ရှားပါးတော့ တန်ဖိုးပိုရှိတာပေါ့အစ်မရယ်။ အဲဒီတုန်းကတော့ နည်းတာကိုး။ ပထမဆုံးနှစ်မှာ မနန်းခင်ဇေယျာ တနှစ်လုံးမှာ တယောက်တည်းဆိုတော့ တနိုင်ငံလုံး သိသွားတယ်။ ဂုဏ်ရည်တို့နှစ်မှာကျတော့ Share Holder နည်းနည်းပိုများလာတာပေါ့နော်။ ဈေးကွက်ဝေစု ရှယ်ရတာ လေးယောက်၊ ဂုဏ်ရည်ရယ်၊ မိုးစက်ဝိုင်၊ ခင်ဝင့်ဝါ၊ ထားထက်ထက် ရှိမယ်။ ဂုဏ်ရည်တို့လေးယောက်က ဈေးကွက်ကို ရှယ်ယာယူကြတယ်။ နောက်ထပ်တနှစ်မှာကျတော့ ချက်ချင်း ၀ုန်းဆို ၁၀ ယောက်၊ ၁၂ ယောက်လောက် ဖြစ်သွားတော့ ပရိသတ်ကလည်း အဲဒီလူတွေ အကုန်လုံးကို မသိတော့ဘူး။ အခုပိုဆိုးလာတယ်။ နောက်နှစ်မှာ ပိုများလာတယ်။ အဖွဲ့အစည်းတွေကလည်း ပိုများလာတယ်ဆိုတော့ ဂုဏ်ရည်ကိုယ်တိုင်တောင်မှ ဘယ်ပွဲကို ဘယ်သူတွေ သွားပြိုင်လိုက်တယ်ဆိုတာ မသိတော့ဘူး။ အခုချိန်ထိ ဂုဏ်ရည်တို့ ပွဲတွေလုပ်နေတာသည် Miss Myanmar International က ပွဲလုပ်တယ်၊ Miss Universe က ပွဲလုပ်တယ်၊ Miss World က ပွဲလုပ်တယ်၊ ပြီးတော့ Miss Goldenland က တပွဲတည်းမှာ သုံးလေးငါးပွဲရွေးတယ်။ တခြားအဖွဲ့အစည်းတွေကကျတော့ ပွဲမလုပ်ဘဲနဲ့တောင် လွှတ်နေတဲ့ အဖွဲ့အစည်းတွေ ရှိတယ်ဆိုတော့ ပရိသတ်အနေနဲ့ သွားပြီဆိုရင်ပဲ သိလိုက်ရတယ်။ Voting ပေးလိုက်ရတာလည်း မသိလိုက်ရဘူး။ ပြီးတော့ ပွဲလည်းမလုပ်ဘဲနဲ့ ရွေးချယ်လိုက်တော့ ဘာကြောင့် ဆုရသွားတယ်ဆိုတာလည်း သေချာမသိတော့ဘူး။ အဲလိုတွေ ဖြစ်ကုန်တာပေါ့နော်။ ကျန်တာကတော့ Quantity များလာတာနဲ့အမျှ Quality တွေ ကျလာမှာထက်စာရင် Quantity လည်းများလာ၊ Quality လည်းကောင်းလာ၊ Pageant Power House အဖြစ် ရပ်တည်နိုင်လာပြီဆိုရင်တော့ မြန်မာနိုင်ငံက Pageant လောက ပိုကောင်းလာမှာပေါ့။" အခုနောက်ပိုင်းမှာဆိုရင် မိန်းကလေး လူငယ်တော်တော်များများက Miss တယောက် ဖြစ်ချင်နေကြတယ်ပေါ့နော်။ အဲဒါ တော်တော် ခေတ်စားနေတယ်။ Miss ပွဲတွေက ညီမပြောသလိုပေါ့၊ တော်တော်များလာတယ်လေ။ အဲဒီအပေါ်မှာ ညီမအနေနဲ့ ကိုယ်ကလည်း Miss တယောက်ဖြစ်ခဲ့ဖူးတယ်ဆိုတော့ Miss တယောက်ဖြစ်ချင်တဲ့ အမျိုးသမီးတယောက်အတွက် ဘာတွေသိထားသင့်တယ်လို့ ညီမအနေနဲ့ ပြောချင်လဲ။ "အဓိကကတော့ သူများနိုင်ငံမှာ သွားပြိုင်ပြီး မြန်မာနိုင်ငံကို ကိုယ်စားပြုမယ်ဆိုရင် ကိုယ်တွေက သူတို့နဲ့ စကားပြောဆိုရမယ်၊ ပြောဆိုဆက်ဆံမှုတိုင်း Effective Communication ဖြစ်ဖို့လိုတယ်။ အဲဒီအတွက် Language အရမ်းအရေးကြီးတယ်။ တယောက်နဲ့တယောက် ပြောဆိုဆက်ဆံမှုမှာ ဒီ Language က အရေးကြီးဆုံးပဲ။ Miss Myanmar တော့ဖြစ်ချင်တယ်၊ အင်္ဂလိပ်စာတော့ အားနည်းသွားတယ်ဆိုတာ အမြဲတမ်း တွေ့နေရတယ်။ ဖြစ်ချင်ပြီဆိုမှတော့ ကြိုးစားပေါ့နော်။ နည်းတွေက အရမ်းလွယ်တယ်။ ဘယ်အဖွဲ့အစည်းကို သွားပြီး ချဉ်းကပ်လိုက်မယ်၊ ဒီနိုင်ငံကို သွားချင်တယ်၊ ဖြစ်ချင်တယ် ဆိုလို့ရှိရင် အရမ်းလွယ်တယ်၊ Miss Title တခုက ကောက်ရသွားမှာပဲ။ ဒါပေမယ့် တန်အောင်နေပေါ့နော်။ ကိုယ့်ဘက်မှာ ကြိုးစားရမယ့် အပိုင်းတွေရှိတယ်။ ဟိုနိုင်ငံမှာ တချို့ပွဲတွေသည် Talent Show အတွက်လည်း တောင်းတယ်။ National Costume တွေလည်း တောင်းတယ်။ အဲတော့ ကိုယ် သေချာပြင်ဆင်ရမှာသည် Language နဲ့ Talent ပိုင်းမှာ မြန်မာပြည်ကို တကယ်ကိုယ်စားပြုမယ့် Talent တွေ ကိုယ်ဘယ်ဟာကို ပြင်ဆင်ထားမလဲပေါ့။ မြန်မာနိုင်ငံမှာဆိုရင် ယဉ်ကျေးမှု အရမ်းကို မြင့်မားတဲ့နိုင်ငံ။ ကိုယ်ပိုင်ယဉ်ကျေးမှု၊ ကိုယ်ပိုင်စာပေ၊ ကိုယ်ပိုင်ဘာသာစကားနဲ့ နေနေတဲ့နိုင်ငံမှာ ပြစရာ Talent တွေက အများကြီးရှိတယ်။ ကိုယ်ပိုင် Instrument တွေလည်းရှိတယ်၊ ကိုယ်ပိုင်ဂီတသံစဉ်တွေ အများကြီး၊ ခေတ်အဆက်ဆက်ကလည်း တကယ့်ယဉ်ကျေးမှု အစဉ်အလာတွေနဲ့ဆိုတော့ ဘာကို ဘယ်လိုမျိုးနဲ့ မြန်မာ့ဂုဏ်ကို ဖော်ဆောင်မှာလဲဆိုတာ ရွေးချယ်စရာတွေ အများကြီးရှိနေတဲ့အထဲကမှ ကိုယ်ဘာနဲ့ မြန်မာကို ကိုယ်စားပြုမှာလဲဆိုတာ ကိုယ် သေချာစဉ်းစားရမယ်။ Talent အတွက်လည်း ပြင်ဆင်ရမယ်။ နောက်တခုက Language က Talent ပြင်ဆင်ရတာထက်တောင် အချိန်ပိုကြာသေးတယ်။ Talent က ၃ လလောက်၊ အနည်းဆုံး ၂ လလောက် ပြင်ဆင်လိုက်မယ်ဆိုရင် တခုကို ပိုင်ပိုင်နိုင်နိုင် ချပြနိုင်ပေမယ့် Language က နှစ်လ၊ သုံးလနဲ့မရဘူး။ တနှစ်လောက်၊ အလွန်ဆုံး နှစ်နှစ်လောက် ကြိုးစားထားမှ ရမှာဆိုတော့ ဒါကို စိတ်ကူးထားတယ်ဆိုရင်တော့ ဒါကို ကြိုးစားထားမှ၊ စာလေးတွေဖတ်နေမှ၊ ဒါနဲ့ပတ်သက်ပြီး နိုင်ငံခြားသားတွေ တွေ့လို့ပဲဖြစ်ဖြစ်၊ အဖွဲ့အစည်းတွေ တွေ့လို့ပဲဖြစ်ဖြစ် ဒါမှမဟုတ် သင်တန်းတွေ တက်စရာရှိတာပဲဖြစ်ဖြစ် ကိုယ်တိုင်ကြိုးစားပြီး ဒါကိုပဲလုပ်နေ၊ ဒါကိုပဲ စိတ်ထဲမှာ ရှိနေရမယ်။ အဲလိုမှမဟုတ်ဘဲနဲ့ ပေါ်ပြူလာဖြစ်ရုံ တခုတည်းဆိုရင်တော့ ပေါ်ပြူလာဖြစ်စရာ နည်းလမ်းတွေ အများကြီးရှိတယ်။ ပြီးတော့ သူများနိုင်ငံမှာ မြန်မာက စကားတောင်မတတ်ဘူး၊ Voting တွေကျတော့ ထိပ်ဆုံးမှာရောက်နေတယ်၊ စကားတောင် မပြောတတ်ဘူးဆိုတော့ တမျိုးကြီးပဲပေါ့နော်။ အဲတော့ Language ပိုင်းမှာ အင်္ဂလိပ်စာသည် အင်တာနေရှင်နယ်သုံး စကားဖြစ်တယ်။ သူငယ်တန်းကတည်းက ထည့်သင်လာရတဲ့ စကားဆိုတော့ နည်းနည်းလေး ထပ်ပြီး Polish လုပ်မယ်ဆိုရင် အင်္ဂလိပ်စာ ပိုကောင်းလာမယ်ဆိုတာ သိပေမယ့် သူတို့ အဲဒါကို မလုပ်ကြသေးတဲ့အပေါ်မှာ အားမလိုအားမရတွေ ဖြစ်မိတယ်။ အဲဒါလေးပါပဲ။ Talent နဲ့ Language ကို သေချာပြင်ဆင်ထားပြီး ကျန်တာတွေကတော့ ကိုယ့်ရဲ့ ဆိုင်ရာဆိုင်ရာ National Guider တွေက အများကြီးလည်း ပံ့ပိုးပေးနိုင်၊ လုပ်ပေးနိုင်မှာဆိုတော့ သူတို့နဲ့ဆက်သွယ်ပြီးတော့ သူတို့ရဲ့ စီစဉ်မှုအောက်မှာ လုပ်ပေါ့။ ကျန်တာကတော့ ကိုယ့်ဘက်မှာ ပြင်ဆင်ထားရမှာ အဲဒီနှစ်မျိုးလို့ ဂုဏ်ရည်က အကြံပေးချင်တယ်။" အခုဆိုရင် အေဂျင်စီတွေက ညီမတို့ခေတ်ကထက် ပိုများလာတယ်။ နောက်ပြီးတော့ ပြဿနာတွေကလည်း အများကြီးရှိလာတယ်။ ကိုယ် ဘယ်လိုအေဂျင်စီမျိုးကို ရွေးသင့်သလဲ၊ ကိုယ်ပြိုင်ပွဲဝင်မယ်ဆိုရင်ပေါ့။ နိုင်ငံတကာပြိုင်ပွဲတိုင်းကို ခေါ်တော့ခေါ်နေတယ်၊ ဒါပေမယ့် တချို့ပြိုင်ပွဲတွေက ညီမ ခုနပြောသလိုပေါ့ အခြေမခိုင်တဲ့ဟာမျိုးတွေရှိတယ်။ အဲတော့ ကိုယ်ဘယ်လိုပြိုင်ပွဲကိုဝင်ဖို့ ဘယ်လိုအေဂျင်စီမျိုးကို ရွေးသင့်တယ်လို့ ညီမအကြံပြုချင်လဲ။ "ကိုယ်က ဘယ် Title ကို ပြိုင်ချင်တာလဲပေါ့။ ကမ္ဘာမှာဆိုရင် Big Fours ဆိုပြီး ရှိတယ်၊ ဒီ Pageant လောကမှာ။ Big Fours ဆိုတာ ကမ္ဘာ့အဆင့်အတန်းအမြင့်ဆုံး၊ ခိုင်မာမှုအရှိဆုံး၊ သက်တမ်းအရှည်ကြာဆုံး၊ စသည်ဖြင့်ပေါ့နော်။ သူတို့ရဲ့ နည်းလမ်းတွေက ဘယ်လိုနည်းလမ်းတွေနဲ့ ရွေးချယ်လိုက်လဲမသိဘူး။ Big Fours ဆိုပြီးရှိတယ်။ အဲဒါသည် Miss Universe, Miss World, Miss International, Miss Earth အဲဒီ ၄ ပွဲရှိတယ်။ ကျန်တာတွေကတော့ တခြား Pageant တွေကတော့ နိုင်ငံတိုင်းမှာလည်းရှိတယ်။ မြန်မာနိုင်ငံကလည်း အခု အများကြီးသွားနေတယ်။ အဲတော့ အဲဒီ Title လေးခုထဲကနေ ပြိုင်နေတာ။ အဲတော့ အဖြစ်ချင်ဆုံးကတော့ ဘယ်သူမဆို နိုင်ငံကိုယ်စားပြပြီဆိုမှတော့ ဒီ Pageant ကြီးလေးခုနဲ့ပဲ ကိုယ်စားပြုချင်မှာပဲလေ။ တခြား အသေးလေးတွေလည်း အများကြီးရှိနေတယ်။ ဒါပေမယ့် အဲဒီပွဲအကြီးကြီးတွေကို ကိုင်ထားတဲ့ အဖွဲ့အစည်းတွေက တခုနဲ့တခု မတူဘူး။ အဲတော့ ကိုယ်က ဘယ်ပွဲကို ပြိုင်ချင်တာလဲ၊ Title ကို အရင်ကြည့်ရမယ်။ ကိုယ့်မှာရှိတဲ့ အရည်အချင်းတွေ၊ ကိုယ့်မှာရှိတဲ့ အနုပညာတွေ၊ ကိုယ့်မှာရှိတဲ့ တတ်ကျွမ်းထားပြီးသား Talent တွေနဲ့ ဘယ်ပွဲကကိုက်လဲဆိုတာ အရင်စဉ်းစားပေါ့။ Miss World ဆို Talent တွေ အများကြီးတောင်းတယ်။ တကယ်လည်းကောင်းတဲ့ပွဲ၊ International ကလည်း သူ့ရဲ့ Motto ကိုက Love, Peace and Excitement to the World ဆိုတော့ ကိုယ်က ဒါကို သူ့ရဲ့ Motto နဲ့ ဘယ်လိုမျိုး လုပ်ဆောင်ပြနိုင်မလဲပေါ့။ သူက Peace ကို တော်တော်ဦးစားပေးတယ် International က။ Earth ဆိုရင် Environmental ကို ဦးစားအရမ်းပေးတယ်။ အဲတော့ Environmental နဲ့ ပတ်သက်တဲ့ knowledge ကိုယ့်မှာရှိနေပြီလား။ Universe ကကျတော့ သူက အလှအပကို ဦးစားပေးတယ်ဆိုတော့ ကိုယ်သည် အရမ်းလှနေတယ်၊ ကိုယ်လုံးတွေ အရမ်းလှနေတယ်၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု အရမ်းရှိနေတယ်ဆိုရင် Universe ပေါ့။ ကျန်တာတွေကတော့ ဘယ်ပွဲက ဘာကိုတောင်းဆိုထားပြီး ကိုယ်နဲ့ဘယ်ဟာက ပိုအဆင်ပြေလဲ အရင်စဉ်းစားပေါ့။ တခြား Pageant အသေးလေးတွေလည်း အများကြီး။ သူတို့လည်း သတ်မှတ်ထားတဲ့ စံနှုန်းစည်းမျဉ်းတွေ ရှိမှာပဲ။ အဲဒါတွေကို အရင်ကြည့်၊ ပြီးမှ အဖွဲ့အစည်းတွေကို ကြည့်ရမယ်ဆိုရင်လည်း အဖွဲ့အစည်းတွေသည် နာမည်ပျက်ရှိလား၊ မရှိလား အရင်ကြည့်ရမယ်ပေါ့။ ပြီးရင် ခိုင်မာမှုရှိလား မရှိလား၊ ကိုယ့်ကို ဘယ်လောက်ထိ ပံ့ပိုးပေးနိုင်လဲ။ ဒီအဖွဲ့အစည်းရဲ့ သမိုင်းကြောင်းက ဘယ်လိုလဲ၊ မြန်မာနိုင်ငံက အဲလိုမျိုးကြည့်ရလောက်အောင်တော့ ၂၀၁၂ ကမှ ဖွံ့ဖြိုးလာတာ အခုမှ ၄ နှစ်ပဲ ရှိသေးတယ်ဆိုတော့ ကိုယ့်မျက်စိရှေ့မှာ ဖြစ်ပျက်သွားတာဆိုတော့ သူများတောင် မေးစရာမလိုဘူး ကိုယ်သိနေပြီ၊ မြင်နေရတာပဲလေ။ အဲတော့ ခေါင်းလေးတွေ သုံးကြဖို့နဲ့ ကိုယ်ကိုယ်တိုင် စဉ်းစားဆင်ခြင်ဆုံးဖြတ်ဖို့ပဲ တိုက်တွန်းချင်ပါတယ်။" အေဂျင်စီရဲ့ အခန်းကဏ္ဍကကော ဘယ်လောက်အရေးပါလဲညီမ။ "ပါတယ်အစ်မ။ ဂုဏ်ရည်တို့သွားပြိုင်တဲ့ Miss International 2013 မှာဆိုရင် ဂျပန်မှာ သွားပြိုင်ရတယ်။ သွားပြိုင်တော့ အဲဒီမှာ မစ္စဖိလစ်ပင်း ပေါ့နော်။ အဲဒီနှစ်မှာ မစ္စဖိလစ်ပင်းကလည်း ဆုရသွားတယ်။ သူ Crown ၀င်လည်းဖြစ်သွားတယ်။ အဲဒီမှာ သူကလေ အရမ်းဖက်ရှင်ကျတယ်။ လာတည်းကိုက သူက အရမ်းသိသာတယ်။ သူလာတာ နောက်ကျတယ် အစ်မရဲ့။ မလာသေးဘူး၊ မလာသေးဘူးနဲ့၊ လာတော့လည်း ငေးနေရတယ်။ သူ ရုပ်ချောလားဆိုတော့ မချောဘူး၊ ရုပ်မလှဘူး။ ဒါပေမယ့် မိုက်ကိုမိုက်နေတာ။ ၀တ်တာစားတာတွေ၊ Accessories တွေ၊ သူဝတ်လိုက်တဲ့ Accessories တွေက ထင်းနေတယ်ဆိုတော့လေ ညီမတို့က သွားပြောတာပေါ့နော်။ ငါတို့ နင်ဝတ်ဆင်တဲ့ အ၀တ်အစားတွေ၊ ဖက်ရှင်တွေ အရမ်းသဘောကျတာပဲပေါ့နော်။ လည်စည်းတွေ၊ အိတ်တွေ၊ လည်သာဘုရှ်တွေ အများကြီးပါတယ်။ ဒီတလစာကို ဘယ်လောက်တောင် ပြင်ဆင်လာလဲပေါ့နော်၊ မေးတဲ့အခါကျတော့ မဟုတ်ဘူးတဲ့၊ ငါ့နေရှင်နယ်ဒါရိုက်တာ လုပ်ပေးတာတဲ့။ ဒါတောင် ငါမနိုင်လို့ ပြန်ပေးလိုက်ရတဲ့ Luggage တွေ အများကြီးပဲတဲ့။ အရမ်းကို Impress ဖြစ်သွားတယ်၊ သူ့နိုင်ငံက နေရှင်နယ်ဒါရိုက်တာကို။ ဖိလစ်ပင်းသည် Pageant Power House ထဲမှာ ပါတယ်လေ။ ဗင်နီဇွဲလားနဲ့ ဖိလစ်ပင်းဆိုတာ Crown ကို လုနေကြတာလေ။ သူတို့နိုင်ငံက နေရှင်နယ်ဒါရိုက်တာတွေ ဒီလောက်တောင် ပံ့ပိုးပေးနိုင်ပါလားပေါ့နော်။ ဒါတောင်မှာ Accessories တွေဆိုတာ Luggage သုံးလုံးလောက်ရှိတယ်တဲ့။ ငါတလုံးပဲယူလာတာတဲ့၊ ကျန်တဲ့နှစ်လုံးကို မလိုချင်လို့ လေးလွန်းလို့ ပြန်ပေးလိုက်တယ်တဲ့။ သူအကုန်စီစဉ်ပေးလိုက်တယ်တဲ့။ ဘယ်နေ့မှာဘာဝတ်၊ ဘယ်ပွဲဆိုရင် ဘယ်လိုဝတ်ဆိုတာ။ ဒါ မြန်မာနိုင်ငံက အများကြီး အတုယူရမှာပေါ့နော်။ ဂုဏ်ရည်ကို နေရှင်နယ်ဒါရိုက်တာပိုင်းနဲ့ ပတ်သက်ပြီး မေးလာခဲ့ရင် အင်တာဗျူးထဲမှာ အဲဒီအကြောင်းပဲ အမြဲတမ်းဖြေဖြစ်တယ်။ သူတို့နိုင်ငံက ကော်မရှင်တွေ အများကြီးယူ၊ အေဂျင်စီတွေ ချမ်းသာလာတာလည်းမပြောနဲ့၊ လုပ်ပေးနိုင်တာကြ အဲဒီလောက်ထိအောင် လုပ်ပေးနိုင်ကြတယ်။ ပွဲရဲ့ Schedule ဘာတွေရှိမလဲ ကြိုတောင်းတယ်၊ နေရှင်နယ်ဒါရိုက်တာတွေက၊ အဖွဲ့အစည်းနဲ့ တောက်လျှောက် အလုပ်တွေလုပ်တယ်။ ဘယ်နေ့ဘယ်ပွဲအတွက် ဘာဝတ်ရမယ်၊ သူတို့ Miss ကို တချိန်လုံး ပြုစုပျိုးထောင်ပြီးတော့ အရောင်တွေတင်ပေးနေတာ၊ ထိုင်ပြီးတော့။ ဘာဝတ်ရမယ်၊ ဘယ်လိုပြုမူနေထိုင်ရမယ်၊ အဲဒီတော့ နေရှင်နယ်ဒါရိုက်တာဘက်ကလည်း တာဝန်ယူရမှာတွေ အများကြီးရှိတယ်။ ကိုယ့် Miss တယောက် အောင်မြင်ဖို့ဆိုရင် သူ့ဆီကရမယ့် ကော်မရှင်ကို ထိုင်စောင့်နေရမှာ မဟုတ်ဘဲနဲ့ ကိုယ်ကိုယ်တိုင်က သူ့ကို ပွဲတွေစီစဉ်ပေးနိုင်ရမယ်။ အလုပ်တွေ ရှာပေးနိုင်ရမယ်။ ကိုယ်အလုပ်ရှာပေးတဲ့အလုပ်မှာ ကိုယ်က ကော်မရှင်ပြန်ယူတာ ကိစ္စမရှိပေမယ့် သူ့ရဲ့ Talent၊ ဖြစ်လာတဲ့ အောင်မြင်မှုကြောင့် ရလာတဲ့ ပိုက်ဆံကိုတော့ ကိုယ်က ဘာမှမလုပ်ပေးဘဲနဲ့ ကော်မရှင်ကြီး ထိုင်ယူနေမယ်ဆိုတာတော့ သိပ်သဘာဝမကျဘူး။ အဲတော့ ကိုယ်ကိုယ်တိုင်လည်း ပွဲလုပ်ပေးပြီး Crown ပေးလိုက်ရုံ မဟုတ်ဘဲနဲ့ သူ့ရဲ့အလုပ်အကိုင် အခွင့်အလမ်းတွေ၊ သူရပ်တည်နေထိုင်ဖို့၊ သူ့ရဲ့အနုပညာလမ်းတွေ ဖြောင့်ဖြူးသွားဖို့အတွက် ကိုယ်ကိုယ်တိုင် ဖန်တီးပေးနိုင်ရမယ်၊ ပြီးတော့ ဟိုဘက်နိုင်ငံမှာလည်း ဆုတွေရဖို့အတွက် ကိုယ်ကိုယ်တိုင်က ဘာတွေရင်းနှီးမြှုပ်နှံပေးနိုင်မလဲ ဆိုတာတွေ နေရှင်နယ်ဒါရိုက်တာတွေဘက်က လုပ်ပေးဖို့လိုမယ်လို့ ဂုဏ်ရည်ထင်မြင်မိပါတယ်။" ညီမတို့ Miss ဘွဲ့ရတဲ့သူတွေ၊ သရဖူရလာတဲ့သူတွေဆိုရင် အမျိုးသမီး လူငယ်တွေ တော်တော်များများက အထင်လည်းကြီးကြတယ်၊ လေးလည်းလေးစားကြတယ်၊ ညီမတို့လိုလည်း ဖြစ်စေချင်တယ်။ အဲတော့ ညီမတို့က ကိုယ့်ကိုယ်ကိုယ် စံပြပုဂ္ဂိုလ်မျိုးဖြစ်အောင်လို့လေ ဘယ်လိုမျိုးများ ပြုမူနေထိုင်လဲညီမ။ "အဲလိုမျိုး ပြုမူနေထိုင်တာမျိုး မရှိပါဘူး။ အဓိကကလေ ကိုယ်လုပ်နေတဲ့အလုပ်ကို ကိုယ်တန်ဖိုးထားဖို့ပဲ လိုတယ်။ ကိုယ်လုပ်နေတဲ့အလုပ်က ဒီနာမည်တခုကို ကိုယ်ကိုယ်တိုင် တည်ဆောက်လာရတာဆိုတော့ အခု နောက်ပိုင်းမှာလေ လူဆိုတာ ပျက်စီးသွားဖို့က အရမ်းလွယ်တယ်။ နာမည်တခု တည်ဆောက်လာဖို့က ခက်ခဲတယ်။ အဲတော့ ကိုယ်တည်ဆောက်လာခဲ့ရတဲ့ဟာကို Image ကို ကိုယ့်ဟာကိုယ် လေးစားဖို့ပဲလိုတယ်။ နေရာတိုင်းမှာ ပရိသတ်က ကိုယ့်ကိုသိတာကို ပြချင်မှပြမယ်၊ ဒါပေမယ့် သိနေကြတယ်၊ ကြည့်နေကြတယ်။ ရွှေတိဂုံဘုရားသွားရင်လည်း လူသိတယ်၊ ကလပ်သွားလည်း လူသိတယ်၊ ဘားသွားရင်လည်း လူသိတယ်၊ ပရဟိတလုပ်ရင်လည်း သိတယ်။ ဒါပေမယ့် သူတို့သိတာကို ပြချင်မှပြမယ်။ ဒါပေမယ့် သူတို့သိနေတယ်။ အဲတော့ ပရိသတ်အမြင်မှာ ကိုယ်သည် Reasonable၊ ချပြလို့ Presentable ဖြစ်နေဖို့လိုတယ်။ ကိုယ်လုပ်နေတဲ့ အလုပ်လေးတွေကို ကိုယ့်ဟာကိုယ် သတိရှိစွာနဲ့ စောင့်ကြည့်နေဖို့ပဲ လိုပါတယ်။ စိတ်ကို အလိုမလိုက်မိဖို့ပေါ့နော်။ တခါတလေမှာ ဖေ့စ်ဘွတ်ခ်ပေါ်မှာ အခုချိန်မှာ အဆိုးဝါးဆုံးပဲ။ ဒီနာမည်တွေ ပျက်ကြတာ တော်တော်များများက ဖေ့စ်ဘွတ်ခ်ပေါ်က၊ ဘားသွားတဲ့ကိစ္စဆိုရင် သွားချင်လည်းသွားပေါ့။ အဲဒါကို ဘယ်မှာဆိုပြီး Check In ၀င်ပြစရာ လိုမှမလိုတာ။ ကလပ်ရောက်နေရင်လည်း နှုတ်ခမ်းနီတွေဆိုး၊ မျက်လုံးတွေပြူး Sexy တွေဖြစ်အောင် ဓာတ်ပုံတွေလျှောက်ရိုက်ပြ၊ ဒါက ကိုယ့်ကိုနာမည်ကြီးအောင် လုပ်ပေးမှာမှ မဟုတ်တာ။ ဒီပို့စ်တခုအတွက် Like များရင်များမယ်၊ အောင်မြင်ရင် အောင်မြင်သွားမယ်။ ဒါပေမယ့် ကိုယ်ဘာဖြစ်သွားပြီလဲပေါ့နော်။ ကလပ်သွားတိုင်း ဘားသွားတိုင်း ပျက်စီးနေတာ၊ ပြောနေတာ မဟုတ်ပေမယ့် ဒီလိုဟာတွေ အကုန်လုံးက သွားရင်လည်း သွားပေါ့နော်။ လူမသိစေနဲ့ပေါ့။ ဒါတွေလုပ်သမျှကို ဖေ့စ်ဘွတ်ခ်ပေါ်မှာ အရမ်းကို တင်ပြချင်နေရတာလဲ။ နောက်ပြီးတော့ တစုံတယောက်သောသူကို ရည်ညွှန်းပြီးတော့ ဒီပို့စ်တခုကိုတင်မယ်၊ ဒီဓာတ်ပုံတခုကိုတင်မယ်၊ ဒီစာတကြောင်းကို ရေးမယ်ဆိုရင် အဲဒီတစုံတယောက်သောသူကို ဖုန်းဆက်ပြီးပြောရင်ပြောလိုက်၊ ဒါမှမဟုတ် တယောက်ယောက်ကနေ ပတ်ပြီးပြောရင်ပြောလိုက်။ သူ့ကိုရည်ရွယ်ပြီးရေးမယ့် စာကြောင်းတခုအတွက် ဘာလို့ ကိုယ့်ကို Follower သောင်းဂဏန်းကို အမြင်ခံမှာလဲ။ ဒီတယောက်ကို ကိုယ်ပြောချင်ရင် ပြောလိုက်လို့ရတယ်လေ။ အခုတွေ့နေရတာတွေ တော်တော်များများကလေ ပို့စ်တခုသည် ဒီတယောက်ကို ရည်ရွယ်ပြီး စောင်းမြောင်းရေးသား ပြောဆိုထားတာဖြစ်ပေမယ့် လူပေါင်း တသောင်းလောက်က အဲဒီပို့စ်အောက်မှာ အမျိုးမျိုး ထင်မြင်ချက်တွေ ပေးကြတယ်၊ ဖလှယ်ကြတယ်၊ ဘာဘာညာညာနဲ့ဆိုတော့ အရမ်းကို လွယ်ကူရိုးရှင်းပါတယ် အစ်မရယ်။ ဖုန်းဆက်ပြီးပြောလိုက်၊ မပြောချင်လည်း တယောက်ယောက်ကနေ ပတ်ပြီးပြောခိုင်းလိုက်။ သူသိအောင် ပြန်လုပ်လို့ရတဲ့ နည်းလမ်းရှိပါတယ်။ ဖေ့စ်ဘွတ်ခ်ကိုတော့ မသုံးကြပါနဲ့လို့ တောင်းဆိုပါရစေ။ ဒါသည် ဘယ်လိုလဲ ဖေ့စ်ဘွတ်ခ်မှာ လုပ်ရမယ့်ကိစ္စ မဟုတ်ဘူးလို့ ဂုဏ်ရည်ပြောချင်တယ်။ ကျန်တာကတော့ ပရိသတ်တွေ အထင်အမြင်မှာ ကိုယ်သည် သူတို့အတွက် ပညာရစရာ၊ တခုခုပေးစရာဖြစ်နေဖို့ ဆိုရင်တော့ ကိုယ်ကိုယ်တိုင် စာတွေလည်းဖတ်ဖို့လိုတယ်။ သိနေဖို့လိုတယ်။ ကိုယ်လုပ်နေတဲ့အလုပ်ပေါ်မှာ ကိုယ်တန်ဖိုးထားစွာနဲ့ အဲဒီအပေါ်မှာ ကြိုးစားနေဖို့လိုတယ်။ ကျန်တာကတော့ သူတို့ ကိုယ့်ဆီက ပညာယူစရာ၊ ဒါမှမဟုတ် တခုခု အတုယူစရာရှိနေရင် ကိုယ့်ကို စိတ်ထဲမှာတော့ ထည့်ထားနေမှာပဲလေ။ အထူးသဖြင့် ကိုယ့်ရဲ့အနုပညာရှင်သန်လာတယ်၊ ပြောတဲ့စကားလေးတွေ သူတို့ကြိုက်လာတယ်၊ ကိုယ်သရုပ်ဆောင်တာကို သူတို့ကြိုက်တယ်၊ ကိုယ်ကလိုက်တဲ့ ကကွက်လေးကို သူတို့ကြိုက်တယ်၊ ကိုယ်တီးလိုက်တဲ့ သီချင်းလေးကို သူတို့ကြိုက်တယ် စသည်ဖြင့်ပေါ့နော်။ ရှင်းရှင်းပြောရရင် ဒါအပေါ်မှာ မြှုပ်နှံပြီး ကြိုးစားထားမှုပဲလေ။ အဲတော့ ဒါလေးတွေကိုပဲ ကြိုးစားပြီး လုပ်ကိုင်နေရင်းနဲ့ ပရိသတ် အသိအမှတ်ပြုမှုကတော့ တခုမဟုတ်တခု ရလာမှာပါ။ အဓိကကတော့ ကြိုးစားနေဖို့ပါပဲ။"
5 years Ago
Up