အမေရိကန် ပြည်ထောင်စု သမ္မတ ဘားရက် အိုဘားမားက ဂီတအနုပညာရှင်တွေကို အိမ်ဖြူတော်ကို ဖိတ်ကြားပြီး ဖျော်ဖြေပွဲ ကျင်းပခဲ့ပါတယ်။
အောက်တိုဘာ ၁၄ ရက်ညက အမေရိကန်ဖန်တီးမှု အခမ်းအနားဆိုပြီး အနုပညာရှင်တွေကို ခေါ်ယူ ဖျော်ဖြေပွဲကျင်းပခဲ့ပါတယ်။
သီချင်းဆိုတာ အိမ်မက်တွေရဲ့ ရှိတဲ့နေရာလို့ အိုဘားမားက ပြောဆိုခဲ့ပါတယ်။ ဒီအခမ်းအနားမှာ ချိုမြိန်သော ချီကာဂိုအိမ် (Sweet Home Chicago) သီချင်းကို ဂီတ အနုပညာရှင်တွေက သီဆိုရာမှာ အိုဘားမားကို သီဆိုဖို့ မိုက်ခရိုဖုန်းပေးပြီး ဖိတ်ခေါ်ခဲ့ပါတယ်။
အိုဘားမားကလည်း ငြင်းပယ်ခြင်းမရှိဘဲ အနုပညာရှင်တွေနဲ့ အတူ သီဆိုပေးခဲ့ပါတယ်။ ဒီအခမ်းအနားက ဖျော်ဖြေသီဆိုမှုတွေကိုလည်း ပီဘီအက်စ်မှာ ထုတ်လွှင့်သွားမှာ ဖြစ်ပါတယ်။
5 years Ago