ဂီတဖျော်ဖြေပွဲ

A d v e r t i s e m e n t With Us

June 28, 2018

ပေါ့ပ်အဆိုကျော် ဆမ်မ်စမစ်သ်၏ တေးဂီတဖျော်ဖြေပွဲ ထိုင်းတွင် ပထမဆုံးအကြိမ် ကျင်းပမည်

နာမည်ကြီး ပေါ့ပ်အဆိုကျော် ဆမ်မ်စမစ်သ်ရဲ့ တေးဂီတဖျော်ဖြေပွဲကို ထိုင်းနိုင်ငံမှာ ပထမဆုံးအကြိမ်အဖြစ် ကျင်းပသွားဖို့ ရှိနေပါတယ်။ ဒီတေးဂီတဖျော်ဖြေပွဲကို လာမယ့် အောက်တိုဘာ ၂၈ ရက် ည ၈ နာရီမှာ မောင်ထုံဌာနီခရိုင်၊ Impact အားကစားရုံမှာ ကျင်းပသွားမှာဖြစ်တယ်လို့ ဘန်ကောက်ပို့စ် သတင်းမှာ ဖော်ပြပါတယ်။ ဒါဟာ အသက် ၂၆ နှစ်အရွယ် ပေါ့ပ်အဆိုကျော် ဆမ်မ်စမစ်သ်နဲ့ ထိုင်းပရိသတ်တွေကြား ပထမဆုံး ဆုံတွေ့မှုဖြစ်တယ်လို့ ဆိုပါတယ်။ ဆမ်မ်စမစ်သ်ဟာ ၂၀၁၂ ခုနှစ် နောက်ပိုင်းမှ နာမည်ကြီးလာခဲ့တာဖြစ်ပြီး ဗြိတိန် အရောင်းရဆုံး တေးဂီတအယ်လ်ဘမ်စာရင်းမှာ ထိပ်ဆုံးက ရပ်တည်နေနိုင်ခဲ့တာပါ။ ၂၀၁၄ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ သူ့ရဲ့ The Lonely Hour အမည်ရတဲ့ သီချင်းအယ်လ်ဘမ်ဟာ အကောင်းဆုံး ပေါ့ပ်တေးဂီတ အယ်ဘ်ဘမ်အဖြစ် ဂရမ်မီဆု ရရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက ထွက်ရှိထားတဲ့ The Thrill Of It All အမည်ရတဲ့ အယ်လ်ဘမ်ကတော့ ဗြိတိန်နိုင်ငံရဲ့ ထိပ်တန်းစာရင်းမှာရော အမေရိကန်နိုင်ငံ ဘီလ်ဘုတ် ထိပ်တန်းအယ်လ်ဘမ် ၂၀၀ စာရင်းထဲမှာပါ ပါဝင်နေခဲ့ပါတယ်။ အခုကျင်းပမယ့် ဘန်ကောက်ရှိုးပွဲကတော့ The Thrill Of It All လို့ အမည်ပေးထားတဲ့ နယ်လှည့်ဂီတဖျော်ဖြေပွဲဖြစ်ကာ ဥရောပ၊ မြောက်အမေရိက၊ အာရှ၊ နယူးဇီလန်နဲ့ သြစတြေးလျ ဒေသတွေမှာပါ ဖျော်ဖြေမှာ ဖြစ်ပါတယ်။ မတ်လကတည်းက စတင်ပြီး ဖျော်ဖြေပွဲကျင်းပနေတဲ့ ဒီ နယ်လှည့်ဂီတဖျော်ဖြေပွဲ ခရီးစဉ်မှာတော့ ပွဲပေါင်း ၉၀ ထိ သီဆိုဖျော်ဖြေမှာဖြစ်ပြီး လာမယ့် နိုဝင်ဘာလအထိ ကျင်းပသွားမှာပါ။ ဘန်ကောက်မြို့မှာ ကျင်းပမယ့် ဂီတဖျော်ဖြေပွဲ လက်မှတ်တွေကိုတော့ ဘတ်ငွေ ၂ ထောင်၊ ၃ ထောင်၊ ၄ ထောင်၊ ၅ ထောင်၊ ၆ ထောင်နဲ့ ဘတ် ၉ ထောင်အထိ သတ်မှတ်ထားကာ လာမယ့် ဇွန်လ ၃၀ ရက်နေ့မှ စတင်ပြီး thaiticketmajor.com ဒါမှမဟုတ် ဖုန်းနံပါတ် ၀၂-၂၆၂-၃၈၃၈ တို့ကို ဆက်သွယ်ဝယ်ယူနိုင်ပြီဖြစ်တယ်လို့ ဆိုပါတယ်။
3 years Ago

May 23, 2017

မန်ချက်စတာမြို့ ဂီတဖျော်ဖြေပွဲ ပေါက်ကွဲမှုအတွင်း သေဆုံးသူ ၂၂ ဦးအထိ ရှိ

အမေရိကန် ပေါ့ပ်အဆိုကျော် အေရီယန်နာ ဂရဲန်းဒ်ရဲ့ ဂီတဖျော်ဖြေပွဲမှာ ဖြစ်ခဲ့တဲ့ ပေါက်ကွဲမှုအတွင်း သေဆုံးသူ ၂၂ ဦးအထိရှိပြီး ၅၉ ဦး ဒဏ်ရာရတယ်လို့ ဂရိတ်တား မန်ချက်စတာ ရဲတပ်ဖွဲ့အကြီးအကဲ အီယန် ဟော့ပ်ကင်းစ်က ပြောပါတယ်။ တိုက်ခိုက်သူဟာ အသေခံဗုံးခွဲသမားတဦးဖြစ်ပြီး တိုက်ခိုက်မှုအတွင်း သေဆုံးသွားတယ်လို့ ယုံကြည်ကြောင်းလည်း သူက ပြောပါတယ်။ မေလ ၂၂ ရက် ညပိုင်းက ဗြိတိန်နိုင်ငံ၊ မန်ချက်စတာမြို့မှ ပရိသတ် ၂ သောင်း ၁ ထောင်လောက်ဆန့်တဲ့ အားကစားရုံတခုတွင်း ကျင်းပခဲ့တဲ့ အမေရိကန် ပေါ့ပ်အဆိုကျော် အေရီယန်နာ ဂရဲန်းဒ်ရဲ့ ဂီတဖျော်ဖြေပွဲမှာ အသေခံ ဗုံးဖောက်ခွဲမှု ဖြစ်ပွားခဲ့ပါတယ်။
4 years Ago
Up