ဂီတာဖေ

May 17, 2020

လုပ်ပွဲကစားသည့်စွပ်စွဲချက် ဗီလာရီးရဲလ်နှင့်ဂီတာဖေး ငြင်းဆန်

စပိန်ကလပ်တွေဖြစ်တဲ့ ဗီလာရီရဲလ်နဲ့ ဂီတာဖေးအသင်းတို့ကို လုပ်ပွဲကစားတယ်ဆိုပြီး စွပ်စွဲနေတာတွေကို နှစ်သင်းစလုံးက ငြင်းဆန်လိုက်ပါတယ်။ ပြီးခဲ့တဲ့ စပိန်လာလီဂါ ရာသီအပိတ်ပွဲစဉ်မှာ ဗီလာရီရဲလ်နဲ့ ဂီတာဖေးအသင်းတို့ တဖက် ၂ ဂိုးစီ သရေကျပွဲစဉ်ကို လုပ်ပွဲ ကစားတယ်ဆိုပြီး ရဲတပ်ဖွဲ့က စုံစမ်းနေတာပါ။ အခုလို စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ ဗီလာရီးရဲလ်အသင်းရော ဂီတာဖေးအသင်းကပါ လုံး၀ ငြင်းဆိုထားပါတယ်။  စပိန်လာလီဂါဘက်ကတော့ ရုံးတင် တရားစွဲတာတွေ မလုပ်ခင်မှာ ပြည်သူတွေကို ချပြ အသိပေးတာတွေ လုပ်မှာမဟုတ်သေးဘူးလို့ အတည်ပြုထားပါတယ်။ မနှစ်က လာလီဂါရာသီပိတ်ပွဲမှာ ဂီတာဖေးအနေနဲ့ ဗီလာရီးရဲလ်ကို အနိုင်ကစားနိုင်ရင် ချန်ပီယံလိဂ်ဝင်ခွင့်ရမှာ ဖြစ်ပေမယ့် သရေကျလို့ ချန်ပီယံလိဂ် ဝင်ခွင့်ဆုံးရှုံးခဲ့ပါတယ်။
11 months Ago
Up