ဂီတသင်္ကေတ ၈ မျိုးပါ ဒစ်ဂျစ်တယ် လက်ခတ် ဗုံကလေး

July 19, 2015

ဂီတ ဖြင့် လူ့စိတ်ကို အိပ်ပျော်အောင် လုပ်ပေးမည့် ကရိယာ

Doppel (ဒေါ့ပဲလ်) ကို တီထွင်သူတွေကတော့ ဒါဟာ ၀တ်ဆင်နိုင်တဲ့နည်းပညာရဲ့ နောက်မျိုးဆက် တခုပဲလို့ ဆိုပါတယ်။ ဒေါ့ပဲလ်ဟာ သုံးစွဲသူရဲ့စိတ်ကို တကယ့်ကို ပြောင်းပစ်နိုင်ပါတယ်။ လက်ပတ်နာရီရဲ့ ပုံသဏ္ဌာန်နဲ့ အရွယ်အစားတူတဲ့ ဒေါ့ပဲလ်ဟာ ၀တ်ဆင်သူရဲ့လက်ကောက်ဝတ်ပေါ်မှာ အထိအတွေ့နဲ့ သိနိုင်တဲ့စည်းချက်ကို ထုတ်လုပ်ပေးပါတယ်။ ဒေါ့ပဲလ်ကို ရုပ်လုံးဖော်ခဲ့သူတွေကတော့ သိပ္ပံပညာရှင်တွေ၊ အင်ဂျင်နီယာတွေ၊ ဒီဇိုင်နာတွေနဲ့ ဖွဲ့စည်းထားတဲ့ Turquiose အဖွဲ့ဖြစ်ပါတယ်။ Turquiose အဖွဲ့ရဲ့ အဖွဲ့ဝင်တဦးဖြစ်တဲ့ ဘစ်လစ်ကီက "စည်းချက်ပြင်းတဲ့ ဂီတသံက လူကိုမြူးကြွပြီး လန်းဆန်းလာစေသလို ဒေါ့ပဲလ်ကလည်း ဒီစည်းချက်ကို ထုတ်ပေးနိုင်တယ်။ ဒီလိုပဲ စည်းချက်နှေးတဲ့ ဂီတနဲ့ လူ့စိတ်ကိုငြိမ်သက်ပြီး အိပ်ပျော်သွားအောင်လည်း လုပ်ပေးနိုင်ပါတယ်။ အခုကြည့်ရသလောက်တော့ ဒီလိုနည်းပညာမျိုး တီထွင်ထားတာမရှိသေးဘူး။ ဒါက သဘာဝအတိုင်း ရိုးရိုးရှင်းရှင်းနဲ့ ကိုယ့်ခံစားချက်ကို ပြောင်းပစ်နိုင်မယ့် ၀တ်ဆင်နိုင်တဲ့ နည်းပညာ ပဲ" လို့ ပြောပါတယ်။ အဖွဲ့ဝင် ဂျက်ဟူပါက လူတဦးရဲ့ စိတ်နဲ့ရုပ် အပြန်အလှန် အမှီသဟဲပြုပုံဖြစ်တဲ့ စိတ်နဲ့ရုပ် သမူဟဖြစ်စဉ်က ဒီနည်းပညာတီထွင်ဖြစ်တဲ့ထိ လွှမ်းမိုးခဲ့ပုံကို ရှင်းပြခဲ့ပါတယ်။ "ကျနော်တို့က ခုမြင်ရတဲ့အတိုင်း ဒီကိရိယာလေးကို လက်ကောက်ဝတ်အပြင်ပိုင်းမှာထက် အတွင်းပိုင်းမှာ ၀တ်ထားမယ်ပေါ့နော်။ ဘာကြောင့်လဲဆိုတော့ စိတ်ပိုင်းဆိုင်ရာ ယန္တရားစနစ်တခုပဲလေ။ ဒေါ့ပဲလ်က ခုန်နှုန်းတစ်ခုပို့လွှတ်ချိန်မှာ ကိုယ့်ရဲ့သွေးခုန်နှုန်းက ဒီသက်ရောက်မှုကို ပိုပြီးချဲ့ပေးတယ်။" ဒေါ့ပဲလ်ကို နှလုံးခုန်နှုန်းတိုင်းပေးမယ့် စပတ်ဖုန်း အက်ပလီကေးရှင်းကတဆင့် ၀တ်ဆင်သူ တဦးချင်းစီနဲ့ ကိုက်ညီအောင် ချိန်ညှိပးနိုင်ပါတယ်။ ဒေါ့ပဲလ်ရဲ့ခုန်းနှုန်းအဆင့်ကို ထိန်းချုပ်ဖို့ ၀တ်ဆင်သူဟာ ကိရိယာရဲ့ဒိုင်ခွက်ပေါ်ကိုဖိပြီး မြန်မြန်ခုန်အောင်လုပ်နိုင်သလို အနားစောင်းကို ပွတ်ပြီး စည်းချက်နှေးအောင် လုပ်နိုင်ပါတယ်။ Turquiose အဖွဲ့ဝင်တဦးဖြစ်တဲ့ နဲလ်ဘန်းနက်က ဒီကိရိယာဟာ လူ့ရဲ့လှုပ်ရှားမှုတွေကို စောင့်ကြည့်ပေးမယ့် ၀တ်ဆင်နိုင်တဲ့ လက်ရှိနည်းပညာတွေထက် ၀န်ဆောင်မှုပိုပေးနိုင်တယ်လို့ ဆိုပါတယ်။ "၀တ်ဆင်နိုင်တဲ့နည်းပညာတွေအဖို့ လက်ရှိအခြေအနေထက် ကျော်လွန်ပြီး လူတွေရဲ့နေ့စဉ်ဘ၀နဲ့ တစ်သားတည်းဖြစ်သွားတဲ့အဆင့်ထိ ရောက်လာမယ်လို့ထင်ပါတယ်။ ဒါကြောင့် ကိုယ့်ခံစားချက်ကို ပြောင်းပေးနိုင်မယ့် ၀တ်ဆင်စရာနည်းပညာကို ထုတ်လုပ်ချင်စိတ်ဖြစ်မိတာပါ။ ဒီကိရိယာက ကိုယ် ဒီနေ့ခြေဘယ်နှလှမ်း လှမ်းမှာလဲ၊ ဒါမှမဟုတ် လမ်းဘယ်လျှောက်ပြီးပြီလဲဆိုတဲ့အပေါ် တတွတ်တွက် သတိပေးနေရုံသက်သက်မဟုတ်ပါဘူး။" Turquoise အဖွဲ့ကတော့ ဒီကိရိယာကို လူ ၁၀၀ ကျော်လောက်မှာ စမ်းသပ်အောင်မြင်ပြီး ဖြစ်သလို အကျိုးသက်ရောက်မှုတွေကိုလည်း စစ်ဆေးပြီးပြီလို့ဆိုပါတယ်။ မကြာသေးခင်က လက်ရှိရှေ့ပြေးပုံစံကို ၀ယ်သူစိတ်ကြိုက်မော်ဒယ်အဖြစ် အသွင်းပြောင်းတဲ့ လှုပ်ရှားမှုတရပ်လုပ်ခဲ့ပါတယ်။ အောင်မြင်ခဲ့ရင်တော့ အကျိုးအမြတ်ရှိတဲ့ ၀တ်ဆင်စရာ နည်းပညာဈေးကွက်တခု ဖြစ်ထွန်းလာမယ်လို့ သူတို့က မျှော်လင့်ထားပါတယ်။  
6 years Ago

July 12, 2015

သွား၏ အပေါ်ယံကြွေသားကို မထိခိုက်စေသည့် အရောင်မဲ့ကော်ဖီ

ဆလိုဗေးနီးယား လူမျိုး လုပ်ငန်းရှင် တဦးက  အရောင်အဆင်းမဲ့တဲ့ ကော်ဖီနဲ့ အဖျော်ယမကာဈေးကွက်မှာ အကြီးစား လိုင်းသစ်တစ်ခု တွေ့ သွားပြီလို့ ယူဆထားပါတယ်။ ဆလိုဗေးနီးယား အရှေ့ပိုင်းက ဒေးဗစ်နာဂျီဟာ ရိုးရာကော်ဖီရဲ့ အနံ့ အရသာမရှိပေမယ့် သွားတွေအရောင် ပြောင်းမှာစိုးရိမ်တဲ့ ဖောက်သည်တွေကို ဆွဲဆောင်နိုင်မယ်လို့ မျှော်လင့်ထားပါတယ်။ "လွန်ခဲ့တဲ့ ၂ နှစ်လောက်က ကော်ဖီသန့်သန့်လေး တစ်ခွက် ဖျော်မယ်ဆိုတဲ့ စိတ်ကူးတစ်ခု ရခဲ့တာပါ။ စိတ်ကူးရတဲ့အကြောင်းက သွားကို စွန်းထင်စေမယ့် အရောင်ကို ပယ်ဖျက်ဖို့ပါ။" လို့ နာဂီက ပြောပါတယ်။ တကယ်တော့ နာဂျီကိုယ်တိုင်က ကော်ဖီကို စွဲစွဲမြဲမြဲ သောက်ပေမယ့် သွားအရောင်ပြောင်းမှာကြောက်ပြီး သွားဖြူစေမယ့် နည်းကို လိုက်ရှာနေတဲ့သူလည်း ဖြစ်ပါတယ်။ နက်ဂျီကတော့ ဒီကော်ဖီရဲ့ဖျော်စပ်ပုံကိုက တခြားစွမ်းအားဖြည့်အချိုရည်တွေနဲ့ လုံးလုံး ကွာခြားသွားတဲ့အချက်ပဲဆိုတာ နာဂျီက ယုံကြည်နေပါတယ်။ "ကော်ဖီသန့်မှာ လှော်ထားတဲ့ကော်ဖီစေ့တွေရယ် သောက်ရေရယ် ကော်ဖီစေ့ကနေ သဘာဝအတိုင်းထုတ်ယူထားတဲ့ ကဖိန်းဓာတ်ရယ်ပါပါတယ်။ ဒါပေမယ့် မပုပ်မသိုးအောင် တာရှည်ခံ အောင်ထိန်းတဲ့ဆေးတွေ၊ သကြားတွေ၊ အနံ့ အရသာဖြည့်မယ့်ပစ္စည်းတွေ မသုံးထားပါဘူး။"လို့ နက်ဂျီ က ရှင်းပြပါတယ်။ အရည်အသွေးမြင့် အာရပ်ကော်ဖီစေ့တွေသုံးထားတယ်ဆိုတာကလွဲလို့ ဒီကော်ဖီဖျော်စပ်ပုံကို လုံးဝ လျှို့ဝှက်ထားတယ်လို့ နက်ဂျီ ကဆိုပါတယ်။ အရသာ ပေါ့ပေါ့နဲ့ လတ်ဆတ်ပြီး အအေးခံထားတဲ့ကော်ဖီအဖြစ် ဒီဖျော် ရည်ကို ဈေးကွက်မှာဖြန့်ချိနေပါပြီ။ အရေးကြီးဆုံးကတော့ စားသုံးသူတွေအနေနဲ့ မြည်းစမ်းကြည့်ဖို့ပါ။ ကော့ဆစ်မြိုက သူ့ကော်ဖီဆိုင်မဟုတ်တဲ့ ပြင်ပမှာ ပထမဆုံး အကြိမ် စသောက်လိုက်ချိန်မှာ သိပ်ကိုသတိထားရမယ့် အကောင်းဆုံးကော်ဖီပဲလို့ ဘာရစ်စတာဂျိုးဇပ်ဖ်နဲမသ် ကတော့သြချခဲ့ပါတယ်။ "မျက်လုံးမှိတ်ပြီး သောက်ကြည့်လိုက်တော့ အရသာက တကယ့်ကော်ဖီအတိုင်းပဲ။ အပ်စ်ပရက် ကော်ဖီအေးလေး အတိုင်းပဲ။  ထူးဆန်းတာက လူတိုင်းက မူလ အရောင်နဲ့ အရသာမှန်တဲ့ကော်ဖီနဲ့သာ အသားကျနေတာလေ။ အခု ဒီကော်ဖီမှာ အဲဒါတွေမပါဘူး။ ဒါပေမယ့် မဆိုးပါဘူး။ သိပ်ကို လန်းဆန်းသွားစေမယ့် ကော်ဖီပဲလို့ ဆိုချင်ပါတယ်။" နဲမသ်က ဆိုပါတယ်။ တီထွင်ထားတဲ့ကော်ဖီကိုရောင်းအားမြှင့်ဖို့တစ်ချိန်လုံးကြိုးစားနေတဲ့ နက်ဂျီရဲ့ နောက်ခြေလှမ်းကတော့ ဓာတုပစ္စည်းနဲ့ အရသာကိုအစစ်ဆေးခံပြီး ရောင်းချခွင့်လိုင်စင် လျှောက်ထားဖို့ပဲဖြစ်ပါတယ်။ စီစဉ်ထားတဲ့အတိုင်းသာဖြစ်ရင်တော့ ပလတ်စတစ်ပုလင်းတွေနဲ့ စတိုးတွေ ကော်ဖီဆိုင်တွေမှာ ဖြန့်ချိသွားမှာဖြစ်ပြီး တပုလင်းကို ၂ ယူရိုနဲ့ ရောင်းချမှာ ဖြစ်ပါတယ်။ ဒီကော်ဖီ သက်တမ်းကိုလည်း ၂ လကနေ  နှစ်ဝက်ထိ တာရှည်ခံအောင် ဆွဲဆန့်သွားနိုင်ဖို့ ရည်ရွယ်ထားပါတယ်။  
6 years Ago
Up