ဂိုး ၁၀၀ ပြည့်

December 6, 2020

တိုက်စစ်မှူး အမ်ဘာပေ ပီအက်စ်ဂျီအသင်းအတွက် ဂိုး ၁၀၀ ပြည့်

မောင့်ပယ်လီယာအသင်းကို ၃ ဂိုး ၁ ဂိုး နဲ့ အနိုင်ရရှိခဲ့တဲ့ စနေနေ့ပွဲစဉ်မှာ ဂိုးသွင်းယူနိုင်ခဲ့တဲ့ ကိုင်လီယန် အမ်ဘာပေဟာ ပီအက်စ်ဂျီအသင်းအတွက် သွင်းဂိုး ၁၀၀ ပြည့်ခဲ့ပြီဖြစ်ပါတယ်။  အသက် ၂၁ နှစ်အရွယ်တိုက် စစ်မှူးဟာ ပီအက်စ်ဂျီအသင်းကို ၂၀၁၇ ခုနှစ်မှာ ပြောင်းရွေ့ခဲ့ပါတယ်။ သူ့ရဲ့ ကနဦးပြောင်းအရွေ့ဟာ အငှားဖြစ်ပြီး အဲ့ဒီနောက်မှာမှ အပြီးသတ်ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။  သူဟာ ပီအက်စ်ဂျီအသင်းအတွက် ပထမဆုံးဂိုးကို ၂၀၁၇ စက်တင်ဘ ၈ ရက်က မိန့်ဇ်အသင်းနဲ့ပွဲမှာရရှိခဲ့ပြီး အသင်းအတွက်ဒုတိယပွဲမှာတင် ဂိုးသွင်းနိုင်ခဲ့တာပါ။ ပီအက်စ်ဂျီအသင်းမှာ အမ်ဘာပေရဲ့ ပထမဆုံးရာသီဟာ ထင်ထားသလောက်သွင်းဂိုးရရှိခဲ့ခြင်းမရှိပေမယ့် အပြီးသတ်စာချုပ်ချုပ်ဆိုပြီးချိန်မှာတော့ သူ့ရဲ့ဂိုသွင်းနှုန်းဟာ သိသိသာသာမြင့်တက်လာခဲ့ပါတယ်။  ပြိုင်ပွဲစုံ ၂၈ ပွဲမှာ ၃၉ ဂိုးအထိ ရရှိခဲ့တာဖြစ်ပါတယ်။ သူဟာ ၂၀၁၈ ခုနှစ်အတွင်း ကစားခဲ့တဲ့ ပွဲစဉ်တွေမှာ လိုင်ယွန်အသင်းဘက်ကို ၄ ဂိုးသွင်းခဲ့သလို အသင်းဟောင်းမိုနာကိုနဲ့ ဂျင်ကန့်တို့ကိုလည်း ဟက်ထရစ်သွင်းခဲ့ပါတယ်။  အမ်ဘာပေရဲ့ သွင်းဂိုးဆာလောင်မှုကို လေးဂိုးသွင်းခဲ့တဲ့ လိုင်ယွန်အသင်းနဲ့ပွဲစဉ်အပြီး အင်တာဗျူးမှာ “ကျနော်ဂိုးတွေ ပိုသွင်းဖို့လိုအပ်ပါတယ်။ ဒါဟာ ကျနော်သွားချင်တဲ့ ထိပ်ဆုံးနေရာကို ရောက်စေမယ့်ခြေလှမ်းတွေပဲဖြစ်ပါတယ်။ တိုက်စစ်မှူးတစ်ဦးအနေနဲ့ အခွင့်အရေးတွေကို ဖန်တီးနိုင်နေသရွေ့ ဒါဟာ အဆင်ပြေပါတယ်” လို့ ပြောပါတယ်။ ၂၀၁၉-၂၀ ရာသီမှာတော့ အမ်ဘာပေဟာ ဒဏ်ရာကြောင့် ကစားခွင့်အများကြီး မရရှိခဲ့ပေမယ့် သူ့ရဲ့ဂိုးသွင်းနှုန်းကတော့ ပြီးခဲ့တဲ့ရာသီကလို ထက်မြက်နေဆဲဖြစ်ပါတယ်။ သူဟာ ၂၁ ပွဲအတွင်း ဂိုး ၃၀ သွင်းယူကာ ပီအက်စ်ဂျီအသင်းကိုလည်း လီဂူးဖလား ၃ ကြိမ်ဆက်ရရှိရေးအတွက် ပါဝင်ကူညီပေးနိုင်ခဲ့ပါတယ်။  ဒါပေမဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာတော့ ဘိုင်ယန်မြူးနစ်အသင်းကို ရှုံးနိမ့်ခဲ့ကာ မျှော်လင့်ချက်အများကြီးထားရှိတဲ့ ချန်ပီယံလိဂ်ဖလားကိုတော့ လက်လွှတ်လိုက်ရပါတယ်။ အမ်ဘာပေဟာ မိုနာအသင်းကို ၃ ဂိုး ၂ ဂိုးနဲ့ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ ၂ ဂိုး သွင်း ယူနိုင်ခဲ့တာကြောင့် သူ့သွင်းဂိုးအရေအတွက်ဟာ ၉၉ ဂိုးအထိရှိလာခဲ့ပြီး မောင့်ပယ်လီယာနဲ့ ဒီဇင်ဘာ ၅ ရက်နေ့ဂိုးက ဂိုး ၁၀၀ မြောက်ဖြစ်ခဲ့ပါတယ်။  ဂိုး ၁၀၀ သွင်းယူနိုင်ခဲ့တာကြောင့် သူဟာ ပီအက်စ်ဂျီအသင်းရဲ့ ထိပ်တန်းဂိုးသွင်းရှင်စာရင်းမှာ နံပါတ် ၄ နာရီအထိရောက်လာခဲ့ပြီဖြစ်ပါတယ်။ နံပါတ် ၃ နေရာမှာ ပေါ်လက်တာက သွင်းဂိုး ၁၀၉ ဂိုးနဲ့ရှိနေပြီး ထိပ်ဆုံးမှာတော့ ဇလာတန်အီဗရာဟီမိုဗစ်က ၁၅၆ ဂိုး၊ ကာဗာနီက ဂိုး ၂၀၀ နဲ့ ရပ်တည်နေပါတယ်။
4 months Ago
Up