ဂိုးပြတ်ဖြင့်နိုင်

December 11, 2016

အမျိုးသမီးလိဂ် အဖွင့်ပွဲတွင် သစ္စာအားမာန်အသင်းမှ ဂန္ဓမာ အသင်းအား ၅ ဂိုးပြတ်ဖြင့်နိုင်

မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ်စတင်ကျင်းပတဲ့ အမျိုးသမီးလိဂ်ပြိုင်ပွဲကို ဒီဇင်ဘာ ၁၀ ရက်က အောင်ဆန်းကွင်းမှာ စတင်ကျင်ပခဲ့ပါတယ်။ ပွဲစဉ် ၁ အဖွင့်ပွဲစဉ်မှာ သစ္စာအားမာန်အသင်းနဲ့ ဂန္ဓမာ အသင်းတို့ယှဉ်ပြိုင်ကစားခဲ့ပြီး သစ္စာအားမာန်အသင်းက ၅ ဂိုး ဂိုးမရှိနဲ့အနိုင်ရခဲ့ပါတယ်။ သစ္စာအားမာန်အသင်းဟာ ပြည်ထဲရေးဝန်ကြီဌာနကဖွဲ့စည်းထား တဲ့အသင်းဖြစ်ပြီး လက်ရွေးစင်ကစားသမားတွေဖြစ်တဲ့ စန်းစန်းမော်၊ ခင်မိုးဝေ၊ ဇင်မာဝင်း၊ နော်အားလိုဝါးဖောတို့ ပါဝင်ပွဲထွက်ကစားခဲ့ပါတယ်။ ဂန္ဓမာအသင်းဟာ ကာကွယ်ရေးဝန်ကြီးဌာနက ဖွဲ့စည်းလိုက်တဲ့အမျိုးသမီး အသင်းနှစ်သင်းထဲက တသင်းဖြစ်ပြီး စီနီယာအသင်းဖြစ်တဲ့ မြဝတီ အသင်းကိုပဲ ချန်ပီယံဖြစ်ဖို့ ရည်းမှန်းထားတယ်လို့ ဂန္ဓမာ အသင်းနဲ့ မြဝတီအသင်း စီအီးအို ဦးမြတ်စိုး ကပြောပါတယ်။ အမျိုးသမီးလိဂ် ဘောလုံးပြိုင်ပွဲကျင်းပတာဟာ အနာဂတ်အတွက် ကောင်းမွန်ပြီး လက်ရွေးစင်အသင်းအတွက် ရွေးချယ်စရာ ကစားသမား ပိုများလာမှာဖြစ်တယ်လို့ သစ္စာအားမာန်အသင်း ခေါင်းဆောင် စန်းစန်းမော်ကပြောပါတယ်။ အမျိုးသမီးလိဂ်ပြိုင်ပွဲ ပွဲစဉ် (၁) လက်ကျန်ပွဲစဉ်တွေကို ဒီဇင်ဘာ ၁၁ ရက်နဲ့ ၁၂ ရက်မှာ ဆက်လက်ကျင်းပသွားမှာဖြစ်ပြီး ဒီဇင်ဘာ ၁၁ ရက်မှာ မြဝတီနဲ့ဇွဲကပင် ဒီဇင်ဘာ ၁၂ ရက်မှာ ပညာရေးဝန်ကြီးဌာန (M.O.E) အသင်းနဲ့ အားကစားနဲ့ ကာယပညာ အသင်းတို့ ယှဉ်ပြိုင်ကစားကြမှာဖြစ်ပါတယ်။
5 years Ago
Up