ဂိုးသွင်းအများဆုံး

March 2, 2019

ပရီးမီးယားလိဂ် သွင်းဂိုးအများဆုံး အယောက် ၂၀ ထဲ လူကာကူပါဝင်လာ

မန်ချက်စတာယူနိုက်တက် အသင်းတိုက်စစ်မှူး ရိုမယ်လူကာကူဟာ ပရီးမီးယားလိဂ်သွင်းဂိုး ၁၁၁ ဂိုး သွင်းယူနိုင်ခဲ့ပြီဖြစ်တာကြောင့် ဂိုးအများသွင်းထားသူ ထိပ်ဆုံး ကစားသမား အယောက် ၂ဝ ထဲမှာ ပါဝင်လာခဲ့ပါတယ်။ ပရီးမီးယားလိဂ်သက်တမ်းတလျှောက် ဂိုးသွင်းအများဆုံး ကစားသမား အယောက် ၂၀ စာရင်းမှာ ပါဝင်လာခဲ့တဲ့အတွက် ပရိသတ်တွေက ချီးကျူးနေကြပြီး လူကာကူဟာ အသက် ၂၅ နှစ်နဲ့ အခုလို စံချိန်ရရှိခဲ့တာကြောင့်လည်း ပျော်ရွှင်နေပါတယ်။ နည်းပြ ဆိုးလ်ရှားကတော့ သူ့ရဲ့ တရားဝင်တွစ်တာစာမျက်နှာကနေ ချီးကျူးခဲ့ပြီး အသက် ၂၅ နှစ်နဲ့ ဒီလိုစံချိန်ရရှိတာကြောင့် လေးစားကြောင်းပြောကြားခဲ့ပါတယ်။ လူကာကူဟာ သူကစားခဲ့တဲ့ အန်ဒါလက်ခ်ျ၊ ဝက်စ်ဘရွန်း၊ အဲဗာတန်အသင်းတွေနဲ့ လက်ရှိမန်ချက်စတာယူနိုက်တက်၊ နိုင်ငံ့လက်ရွေးစင်အသင်းတွေအတွက် သွင်းဂိုးပေါင်း ၂၃ဝ ထိ သွင်းယူပေးထားပါတယ်။
2 years Ago
Up