ဂိုးသမား ဒီဂီယာကို စာချုပ်သက်တမ်းတိုးရန် မန်ယူကမ်းလှမ်း

January 15, 2018

ဂိုးသမား ဒီဂီယာကို စာချုပ်သက်တမ်းတိုးရန် မန်ယူကမ်းလှမ်း

မန်ချက်စတာယူနိုက်တက်အသင်းဟာ ဂိုးသမား ဒီဂီယာကို တနှစ်သက်တမ်းတိုး စာချုပ် ချုပ်ဆိုဖို့ ကမ်းလှမ်းထားပါတယ်။ ဒီဂီယာဟာ မန်ယူအသင်းနဲ့ ၁၇ လ သက်တမ်းကျန်သေးပေမယ့် ရီးရဲလ်မက်ဒရစ် အသင်းရဲ့ ခေါ်ယူမှုကို ကာကွယ်လိုတဲ့အနေနဲ့ တနှစ်သက်တမ်းတိုးထားဖို့ မန်ယူအသင်းက ပြင်ဆင်ထားတာပါ။ မန်ယူအသင်း အမှုဆောင်အရာရှိချုပ် အက်ဝုဒ်ဝါ့ဒ်အနေနဲ့ ဒီဂီယာကို တနှစ်သက်တမ်းတိုးဖို့ အရင်ကြိုးစားမှာဖြစ်ပြီး အဲဒီနောက်ပိုင်းကျမှာ နှစ်ရှည်စာချုပ် ချုပ်ဆိုဖို့အတွက် ဆွေးနွေးမှုတွေ ပြုလုပ်ဖို့ စီစဉ်ထားပါတယ်။ မန်ယူနည်းပြ မော်ရင်ဟိုကတော့ ဒီဂီယာလို ဂိုးသမားကောင်းတဦးကို အသင်းကနေ ထွက်ခွာခွင့်ပြုမှာ မဟုတ်ဘဲ အသင်းမှာဆက်ရှိဖို့ ကြိုးစားမယ်လို့ ဆိုပါတယ်။ အသက် ၂၇ နှစ်ရှိ စပိန်ဂိုးသမား ဒီဂီယာဟာ ၂၀၁၅ ခုနှစ် အပြောင်းအရွှေ့မှာ ရီးရဲလ်အသင်းဆီပြောင်းရွှေ့ဖို့ နီးစပ်ခဲ့ပေမယ့် အပြောင်းအရွှေ့ပိတ်ချိန်နဲ့ နီးကပ်သွားတာကြောင့်  ပျက်ပြယ်သွားတာ ဖြစ်ပါတယ်။
3 years Ago
Up